Zawgyi
ရန်ကုန်မြို့ ရွှေတိဂုံ ဘုရားကြီးအလယ်မှာ နှစ်ဦးသား လက်တွဲရင်း မြန်မာပုဆိုးလေးနဲ့ ရှောင်းကျန့် နှင့် ဝမ်ရိပေါ် တို့ သစ္စာပန်းတွေ ကိုင်ကာ နေ့နံဘုရားကို ဖူးမြော်နေကြသည်၊၊
မြန်မာ အလေ့အထနဲ့ အညီ လိုက်လုပ်ရတာ အစပိုင်း သိပ်ခက်ပေမဲ့ အခုတော့ ကျင့်သားရနေပါပြီ၊၊မြန်မာ ၏ ဂုဏ်ကျက်သရေဆောင် ရွှေတိဂုံဘုရားကြီးက အသပ္ပာယ်စွာ ဝင့်ကြွားနေသည်၊၊ ရှေးမင်းများ လက်ထက်ထဲက တည်ထားကိုးကွယ်ခဲ့သောကြောင့် ဘုရားက တန်ခိုးကြီးယုံသာမက ဥာဏ်တော် အမြင့်ကလည် အလွန် မြင့်မားသည်၊၊
ဘုရားမှာ ပန်းကပ်ရင်း ဘုရားဝန်းထဲမှာ ဈေးတန်းလျှောက်နေကြသည်၊၊ ပုပုဝဝ ပစ်တိုင်းတောင် ရုပ်လေး မြင်တော့ ရိပေါ် တစ်ယောက် သဘောကျနေသည်၊၊ မြင်မြင်သမျှ အရာတိုင်းက တရုတ်နိုင်ငံသားလေး သူအဖို့ အံ့သြနေရပေမဲ့ ဘေးက ချစ်သူလေးကတော့ ဒါတွေကို ပယ်ထုတ်ကာ အမွှေစိန် မျက်နှာလေးပဲ ကြည့်နေလိုက်သည်၊၊
"အဟမ်း ကိုကို "
" ဗျာ"
"ခစ်ခစ် ဗိုက်ဆာနေပြီ၊၊"
ဗိုက်လေးကို ပွတ်ကာ နှုတ်ခမ်းစူနေတဲ့ ချစ်သူလေးကြောင့် ရှောင်းကျန့် သဘောကျစွာ ပြုံးရင်း ပါးဖောင်းလေးကို လက်နှင့် ဖြစ်ညှစ်လိုက်သည်၊၊
" တစ်နေ့ကုန် ဘုရားဝန်းထဲ လျှောက်သွားနေပြီးတော့ ဆာနေမှာပေါ့၊၊ ကဲ ဘာစားမလဲ ကိုကို ကလေးလေး"
"အင်း မြန်မာ ရိုးရာ အစားအစာ မုန့်ဟင်းခါးစားရအောင်၊ နောက်ပြီး ရွှေရင်အေးသောက်မယ်၊၊ ပြီးရင် အား.. ရှိသမျှ အကုန်စားမယ်"
"ဟွန်း ဝက်ကလေး ဖြစ်တော့မှာပဲကွာ"
"အဲ့တော့ မချစ်တော့ဘူးလား"
"ကလေး ဘယ်လို နေနေ ချစ်မှာမို့လို့ နှုတ်ခမ်းစူ မနေနဲ့၊၊ မဟုတ်ရင် ဒီနေရာမှာ ဆွဲနမ်းလိုက်ရ.."
"အို...ကိုကိုနော် ငရဲကြီးမယ်၊၊ ဘုရားဝန်းထဲ မရိုမသေ မပြုရဘူး၊၊ အပြစ်ကြီးတယ်တဲ့၊၊
ကန်တော့ ၊ ကန်တော့ ၊ ကန်တော့ ခွင့်လွှတ်ပါဘုရား သားချစ်သူ ပြောမှားဆိုမှား ရှိရင် ခွင့်လွှတ်ပေးပါ ဘုရား"

أنت تقرأ
အမွှေစိန်လေးရဲ့ ချစ်သူ [[ Completed ]]
أدب الهواةကျတော် ကောင်လေးက အဆိုးလေးဗျ သူမွှေသမျှ လိုက်ရှင်းရတာ