Zawgyi"အ ကိုကို အဲ့နားလေး.."
"ဒီနားလား"
"ဟုတ်တယ် ၊၊ မြန်မြန် လုပ်ပေးပါ
Shit ကောင်းလိုက်တာ..အ..""အင်း အ ကောင်းတယ် ခပ်မြန်မြန်လေး
အ ဟုတ် ဟုတ်တယ် အဲ့နားလေး"ခါးနာတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ရိပေါ်ကို ဘဲကြီး ရှောင်းကျန့် နှိပ်ပေးနေရသည်၊၊
ရှောင်းကျန့် မှာ မညည်းမညူ
လုပ်ပေးနေရင်း ခြေထောက်တွေတောင်
မခိုင်တော့ဘူး၊၊ ခဏကြာ လူက ခြေယိုင်ကာ
ရိပေါ် ကိုယ်ပေါ် ဘုန်းကနဲ လဲကျသွားသည်၊၊
ဝမ်းလျားမှောက် လေး ရိပေါ်မှာ အနာပေါ်
တုတ်ကျသွားတော့ ငယ်သံပါအောင် အော်လေပြီ၊၊"အဟင့် ရွှတ် "
"မငိုပါနဲ့ ကလေးရာ တိတ် တိတ်ပါတော့"
"သွား လူဆိုးကြီး သူများ ခါးကို နာအောင် လုပ်တာ၊၊ "
"မရည်ရွယ်ပါဘူး ကလေးရာ..
ကိုကိုလည်း ခြေညောင်းပြီး ကလေးပါ် လဲကျသွားတာပါ၊၊ ပြန်နှိပ်ပေးမယ်နော်၊၊ ""တော်ပါပြီ၊၊ ခါးကနာ ၊ ဗိုက်ကဆာနဲ့ ဘဝကြီးကလည်း သောက်ရေးကို မကောင်းဘူး၊၊ "
"မငိုနဲ့တော့နော်၊၊ ဘာစားချင်လဲ ကလေးလေး ကိုကို ဝယ်ကျွေးမှာပေါ့၊၊ "
ထိုအခါမှာ နှာတစ်ရှုံရှုံနဲ့ လူဆိုးလေးက အငိုတိတ်ကာ မေးဖျားလေးကို လက်နဲ့ ထိရင်း ရွှေဗိုက်လေးကို အာဟာရဖြည့်ဖို့ စဉ်းစားနေဟန်ပင်၊၊
"ငါးဟင်း စားချင်တယ်၊၊ သူများတွေပြောတာ ငါးဟင်းက အရိုးအကြောသန်မာ တယ်တဲ့၊၊ တစ်လတစ်ခါ ပုံမှန်စားပေးရမယ်တဲ့ နောက်ပြီး ကိုကို ဟိုဟာ ရွှေရင်အေး နဲ့ မုန့်လက်ဆောင် ဝယ်ခဲ့ဦး"
"ဟုတ်ပါပြီဗျာ.. ခဏလေးစောင့်နော်
ကိုကို ဝယ်လာခဲ့မယ်၊၊ ""ဟုတ်ကဲ့၊၊ "
ခေါင်းလုံးလုံးလေးကို ဖွဖွပုတ်ကာ ကားသော့ယူလိုက်သည်၊၊ ရိပေါ်ကတော့ ထိုင်ရင်တောင် နာနေတဲ့ ခါးကြောင့် စိတ်ထဲ ညည်းညူနေမိသည်၊၊ နောက်မှ အကြံရကာ ဟိုမျှောက်နှစ်ကောင်ကို အခန်းထဲ လာဖို့ ဖုန်းဆက် ခေါ်လိုက်ရသည်၊၊
YOU ARE READING
အမွှေစိန်လေးရဲ့ ချစ်သူ [[ Completed ]]
Fanfictionကျတော် ကောင်လေးက အဆိုးလေးဗျ သူမွှေသမျှ လိုက်ရှင်းရတာ