/54/

5K 435 17
                                    

Zawgyi

ရက်ကိုလစား၊ လကိုနှစ်စားသကဲ့သို့ အချိန်တွေကလည်း ဥတုသုံးခုအလိုက် တရွေ့ရွေ့ကုန်ဆုံးလာခဲ့ပြီ၊၊ ရွက်ဟောင်းကြွေ၍ ရွက်သစ်ဝေသော ဒီနွေရူးလေးက တစ်ဖန်ပြန်လည် ကြိုဆိုလာလေပြီ၊၊ ပူပြင်းနေ သူရိန်နေမင်း အရှိန်ဝါကြီးစွာ ပေါ်ထွက်လာပြီ၊၊ တောင်လေရူးလေး  တိုက်ခတ်ကျီစယ်သွားသော ဒီအချိန်အခါလေး....၊၊

" ရှောင်းဝမ် "

" ဗျာ "

" သားညီလေးတွေ သွားနှိုးဦး... ကျောင်းတက်ရမှာကို နေဖင်ထိုးအောင် အိပ်နေကြတယ်.. မင်းဒယ်ဒယ်ရော နှိုးခဲ့ဦး "

" ဟုတ်ကဲ့ ပါးပါး "

အကြီးဆုံးလေး ရှောင်းဝမ်က အကြီးပီပီ လိမ္မာ ရေခြား ရှိပြီး ဝီရီယလဲ ကောင်းလှသည်၊၊ အလတ်ကောင် ရှောင်းပေါ်ကကျ ရိပေါ်နဲ့ သိပ်တူတာ အကျင့်ကအစ...၊၊ ငယ်ငယ်က သူဆိုးခဲ့သမျှ ရှောင်းဝမ်ဆီ အမွှေရပြီး ဝဋ်လည်နေတာတော့ မဟုတ်ဘူးမလား၊၊ အငယ်ဆုံးလေးကတော့ ထားပါ၊၊ ကြီးကောင်းကြီးမားနဲ့ နေမြင့်အောင် အိပ်တဲ့ ရှောင်းကျန့် ကိုလည်း အမြင်မကြည်တော့ဘူး၊၊

အမွှာတွေ ၆နှစ်အရွယ်မှာ ရှောင်းပါးနဲ့ မားက သူတို့ နေထိုင်ရာ နေရပ်ကို ပြန်သွားကြသည်၊၊ ထို့ကြောင့် ခြောက်နှစ်သား နဲ့ အိမ်မှုကိစ္စ သူ့တာဝန် ဖြစ်လာလေသည်၊၊ အခု အသက် ၁၀နှစ်အရွယ် ဒီကလေးလေးတွေက အရွယ်ရောက်တာ မြန်လာသလိုပါပဲ၊၊

" မောနင်း ပါးပါး "

" နင်းမနေနဲ့... ရှောင်းပေါ် မနေ့က ဟိုဘက်ခြံက ပန်းအိုးကို သွားခွဲတယ်ဆို ..."

ခုံဆွဲ ထိုင်ရုံရှိသေး နံနက်ခင်း ပါးပါး၏ သြဝါဒက ဆီးကြိုနေပြီ၊၊

" ဟုတ်ပါဘူးဂျာ... ပါးပါးကလည်း တားလုပ်ဘူး "

" တိတ်စမ်း လိမ်ပြန်ပြီ ခေါက်လိုက်ရ... "

" ဘာတွေ ဆူညံနေတာလဲ "

အပေါ်ထပ်ကနေ အဖြူရောင် တီရှပ် အနက်ခံနဲ့ စတိုင်ပင်အနက်နဲ့ ဆင်းလာသူ ရှောင်းကျန့် က အသက်သာ ကြီးတာ ခပ်မိုက်မိုက်အရပ်နဲ့ ရုပ်ရည်ကတော့ ဆယ်ကျော်သက်ကလေးလိုပင်... ၊၊

အမွှေစိန်လေးရဲ့ ချစ်သူ [[ Completed ]]Where stories live. Discover now