/39/

5.9K 540 30
                                    

Zawgyi

" ဒေါက်တာ  ဘယ်လို နေသေးလဲဟင် "

" မစိုးရိမ်ပါနဲ့ဗျာ ကြီးကြီးမားမား မထိခိုက်ပါဘူး၊၊
ခြေထောက်ကို ကျောက်ပတ်တီး စည်းရလိမ့်မယ်
အရိုးပိုင်း နည်းနည်း ချုပ်ထားရလို့ပါ၊၊
ခေါင်းလဲ ထိထားတော့ အထူး ဂရုစိုက်ပေးပါ၊၊ "

" ဟုတ်ကဲ့ ကျေးဇူးပါ ဒေါက်တာ  "

ဒေါက်တာ ထွက်သွားမှ ဆေးပိုက်နဲ့
လှဲနေတဲ့ ကိုကိုနား ထိုင်လိုက်သည်၊၊
တောင်းပန်ပါတယ်၊၊ ကျွန်တော်ကြောင့်
ကိုကို နာကျင်ရပြီ၊၊

" ကလေး "

" ကိုကို သတိရလာပြီလား "

" အင်း ခေါင်းနာလိုက်တာ အ... "

" မထနဲ့ ကိုကို... ကိုကို ခေါင်းရော
ခြေရော ထိထားတာမို့ မလှုပ်ရှားနဲ့ဦး၊၊ "

" ကလေးကို စိတ်ပူစေမိပြန်ပြီ "

" မဟုတ်တာ... တကယ်တော့ အဟင့်
ကလေးကြောင့်ပါ၊၊ ကိုကို ဘာလို့ ကလေးအစား
ခံရတာလဲ အဟင့် မတော်လို့ သေသွားမှ
ကျွန်တော် ရင်ကျိုးရမှာ ဟင့် ရွှတ် "

" မငိုပါနဲ့ ကိုကိုက ကလေးကို
ဘယ်လောက်တောင် ချစ်လိုက်ရလဲ၊၊
ဒဏ်ရာတွေ ဘယ်လောက် များပါစေ၊၊
ကိုကိုပဲ ခံမယ်၊၊ ကလေးကိုယ်မှာ
မှဲ့တစ်ပေါက်မှ မစွန်းစေရအောင် ကာကွယ်
ပေးချင်တာ ကိုကို ဆန္ဒတွေပါ၊၊ "

" ကိုကို ရာ "

ပက်လက်လေး ဖြစ်နေတဲ့ ရှောင်းကျန့်
ကိုယ် အထက်ပိုင်းမှာ မျက်နှာအပ်ကာ
ခပ်တိုးတိုး မျက်ရည် ရှိုက်သံလေးနဲ့၊၊
ကိုကို အချစ်ကို ကြားရတော့ ပျော်လို့
ငိုတဲ့ မျက်ရည်တွေပါ၊၊ ချစ်တယ်ဗျာ....

🖤🖤🖤🖤

" ငါ့ သမက်လေး သက်သာရဲ့လား "

" သာပါတယ် မားမား ယောက္ခမကြီး "

" အေးကွယ် စိတ်ပူလိုက်ရတာကွယ် "

ရင်ဘတ်ကို ဖိကာဟန်မူပန်ရာတွေနဲ့
ပြောနေတဲ့ မားမာကို ရိပေါ် စိတ်ဆိုး နေပါပြီ၊၊
မား သမက်လေး ဆိုပြီး ပါးစပ်ဖျားကကို
မချဘူး၊၊ ဘေးက သားလေး ကျွန်တော်ကို
ပစ်ထားကြသလိုပဲ၊၊

အမွှေစိန်လေးရဲ့ ချစ်သူ [[ Completed ]]Where stories live. Discover now