/5/

14.2K 1.2K 37
                                    

[ Unicode ]

အမွှေစိန်လေးရဲ့ ချစ်သူ
အပိုင်း၅

ကုတင်ပေါ်တွင် ငြိမ်သက်စွာ အိပ်စက်နေတဲ့ ရိပေါ်ကို အကြင်နာ မျက်ဝန်းလေးနှင့်
ကြည့်ကာ စိုးရိမ်နေရှာတဲ့ ရှောင်းကျန့်...

"အခြေအနေ ဘယ်လိုလဲ
အရမ်းကြီး ထိခိုက်လား...."

"ဘာမှ မစိုးရိမ်ရပါဘူးကွာ....ရုတ်တရတ်မို့ လန့်ပြီး မေ့သွားတာ...အရှိန်က မပြင်းပါဘူး
ဟူး !!!! ဒီကောင်လေး တစ်ခုပြီးတစ်ခု ပြဿနာ ရှာတယ်.. ဝမ်ဦးလေး သိရင် မလွယ်ဘူး"

"ဆိုတော့ ကလေးက မင်းယောက်ဖလား"

"ဘယ်လို ...,ဘယ်လို ကလေးတဲ့လား
ဟား ထင်မထားဘူး သားရီး
လက်စသတ်တော့ မင်းက ငါယောက်ဖလောင်းလေးကို ကြိုက်နေတာကိုး
ငါသူငယ်ချင်းကြီး ကွေးသွားပြီ"

"ဘာဖြစ်လဲ
ငါကောင်လေး က မင်းထက်စာရင်
အဆပေါင်းများစွာ ချောတယ်၊သာတယ်၊ထက်မြက်တယ်၊ တစ်ခုကလွဲရင်ပေါ့"

"ဘာ လွဲတာလဲ"

"ရွတာလေ ရွတာ......."

"ဟား ဟား "

"တိတ်စမ်း ငါကလေး နိုးသွားမယ်
သွားတော့ သွား...."

"အေး အေးပါ...."

ထွက်သွားတာတောင် အာပြဲကြီးနှင့် ရယ်ကာ ထွက်သွားတဲ့ ကျန်းချန်ကို ကျိန်ဆဲလိုက်သည်၊၊ ကုတင်ပေါ်က အိပ်နေတဲ့ ရိပေါ်
နဖူးလေးကို ညင်သာစွာ နမ်းလိုက်သည်၊၊

"ကလေး....အိပ်နေရင် သိပ်အပြစ်ကင်းစင်တာပဲ...အိပ်နေတဲ့ ကလေးလေးတွေက အပြစ်ကင်းစင်တယ်တဲ့....."

"အင့် အဲ...."

ကုတင်ပေါ်က ကောင်လေးက လှုပ်စိ လှုပ်စိ
နိုးလာ၏၊၊ ရိပေါ် မျက်လုံး ဖွင့်ကြည့်တော့
စိမ်းသက်နေတဲ့ အခန်း မျက်နှာကျက်
ဘေးကို ကြည့်တော့ သူကို ပြုံးပြီး
ကြည့်နေသည့် ယုန်သွားကြီး.....

"နိုးလာပြီလား မုန်လာဥလေး"

"အင်း "

"သက်သာလား..., နာနေတာ ရှိလား"

သူကို မျက်ဝန်း လဲ့လဲ့ လေးနှင့်ကြည့်ကာ
ပြောနေတဲ့ လူကြီး့ကြောင့် ဘယ်ဘတ်ရင်အုံက နှလုံးသားလေး နိုးထလာ၏၊၊
လူကြီးနဲ့ တွေ့တိုင်း မရိုးနိုင်သော ခံစားချက်တွေက ပေါက်ဖွားလာတာ....

အမွှေစိန်လေးရဲ့ ချစ်သူ [[ Completed ]]Where stories live. Discover now