/23/

8.8K 741 6
                                    

[ Unicode ]

အမွှေစိန်လေးရဲ့ ချစ်သူ
အပိုင်း ၂၃

"ဟေ့....ဘာလုပ်တာလဲ၊၊ အခုချက်ချင်းချပေးစမ်း၊၊
ရှောင်းကျန့် ယုန်စုတ်..."

ရိပေါ်ကို ပခုံးပေါ်ထမ်းကာ ခြေလှမ်းတို့က အပေါ်ထပ်ဆီသို့...၊၊ ရှောင်းကျန့် စိတ်နဲ့သာဆို ပစ်ချလိုက်ပြီ၊၊
ဒီအမွှေစိန်လေးက သူချစ်ရသူလေးမို့ ဘာလုပ်လုပ် မငြိုငြင်ရက်ဘူး၊၊ ကျောကုန်းကို ထုရိုက်နေတဲ့ လက်လေးတွေကြောင့် သူ့ရှေ့က မက်မွန်သီးကို အားပါပါ စုပ်ကိုင်လိုက်တော့ အင့်ကနဲ မြည်သံနဲ့ အတူ အဆိုးအဆာလေး ငြိမ်ကျသွားသည်၊၊ ဒါပေမဲ့ ပါးစပ်က အဆဲကတော့ လုံးဝမရပ်ခဲ့၊၊

ကုတင်ပေါ်တွင် အသာအယာချလိုက်တော့ စူပုပ်နေတဲ့ မျက်နှာလေးကြောင့် ခပ်ဟဟ ရယ်မိပြန်သည်၊၊
ရယ်တဲ့ အကျိုးရလဒ်ကတော့ မျက်စောင်းထိုးခြင်း ခံလိုက်ရပါသည်၊၊

"ရေချိုးတော့နော်၊၊ အပြင်သွားကြမယ်၊၊ "

"ဗျာ...တကယ် ပြောနေတာလား"

"အွန်း.. ကိုယ်ရုပ်က လူလိမ်ရုပ် ပေါက်နေလို့လား"

"ဘယ်ပြောနိုင်မလဲ၊၊ ခင်ဗျား နဖူးမှာ ခင်ဗျား က လူလိမ်လို့ ဆိုင်းဘုတ်ချိတ်ထားတာမှ မဟုတ်တာ၊၊ "

"ကျစ်.. ရိပေါ် မရိုက်ချင်ဘူးနော်...အခေါ်အဝေါ်က နည်းနည်းလေးမှ စောက်ချိုး မပြေဘူး၊၊ ကိုကို လို့ခေါ်ပါဆို..."

"မခေါ်ချင်ပါဘူး၊၊ ကျွန်တော်တို့က ဘာမှ မဆိုင်ဘူး၊၊ "

"တစ်ညတာတောင် အတူနေပြီးပြီပဲ၊၊ မဆိုင်သေးဘူးဆိုတော့ ဘယ်နှစ်ည ထပ်နေမှ ဆိုင်မှာလဲ၊၊ "

"ကျစ် ရှောင်းကျန့် ရာ..."

အလိုမကျမှုကြောင့် တွန့်ကျိုးလာတဲ့ မျက်ခုံးတန်းလေး၊ ရှောင်းကျန့် ကုန်းကာ ကုတင်ပေါ်တွင် ထိုင်နေတဲ့ ရိပေါ် ဘေးတစ်ချက်ဆီမှာ လက်ထောက်ရင်း နှုတ်ခမ်းလေးကို လျှာလေးနဲ့ လျက်ကာ

"ခေါ်မလား မခေါ်ဘူးလား၊၊ အဆိုးလေး၊၊
မခေါ်ရင် ပြွတ် ..."

နှုတ်ခမ်းကို မထိတထိ နမ်းနေတဲ့ ရှောင်းကျန့် ကြောင့် ကိုယ်ပေါ်က ကြက်သီးဖုလေးတွေ ဖြန်းကနဲ၊၊ ဒီလူကြီးကလေ သိပ်အကျပ်ကိုင်လွန်းတယ်၊၊
ခေါ်ချင်လို့ ခေါ်တာ မဟုတ်ဘူး၊၊ အနမ်း မခံချင်လို့ ဟွန့်...၊၊

အမွှေစိန်လေးရဲ့ ချစ်သူ [[ Completed ]]Where stories live. Discover now