/46/

5.5K 508 25
                                    

Zawgyi

အခုဆို ရိပေါ်ဗိုက်လေးက ငါးလဆိုတော့
နည်းနည်း ပေါင်းကစ်လာပြီ၊၊
ဗိုက်ပူပူ၊ ပါးဖောင်းလေးနဲ့ ဖက်ထုပ်လေး
သဖွယ် ရှောင်းကျန့် အတွက် နေ့ညမရွေး
အရသာရှိရှိ ငေးပြီးရင်း စားသုံးချင်နေတဲ့
ချစ်စရာ ဖက်ထုပ်လေး၊၊

ဗိုက်ပူ ဖက်ထုပ်ကလေးက တစ်ခါတလေ
ထိန်းရခက်တဲ့ ကလေးလေးလိုပဲ၊၊
ဘောလုံးကန်ချင်တာကတော့ ဘယ်လိုမှ
တားမရ... ကြည့်ရတာ ဗိုက်ထဲက
အလုံးလေးက ကမ္ဘာကျော် တိုက်စစ်မှူး
ဘောလုံးကစားသမားလား မသိ...၊၊

အစာဆိုလဲ ဇူဇကားပုဏ္ဏား အမျိုးခေါ်ရအောင်
စားတာပါလေ၊၊ ချဉ်ချင်းတက်ခြင်းဆိုတာ
ကျွန်တော် ယောက်ျားက လုံးဝမဖြစ်၊
စားကောင်း၊ အိပ်ကောင်း နဲ့ သာယာ
နေတာ၊၊ ရှောင်းကျန့် က ရိပေါ်ကို
အရမ်းချစ်တယ်ပဲ ပြောရမလား
ရိပေါ် အစား သူပဲ အန်နေရသည်၊၊

" သက်သာလား ကိုကို "

" အင်း သက်သာပါတယ် "

" ကျွတ် ကျွတ် ငါ့ယောက်ျား ပင်ပန်းနေပြီ "

ကျောလေးကို ပုတ်ပေးတဲ့ လက်လေး၊
စိုးရိမ်နေတဲ့ ခပ်ဆွေးဆွေး မျက်ဝန်းရိပ်
လေးတို့က ရှောင်းကျန့် အတွက်
ရှင်သန် နေရတဲ့ ဖက်ထုပ်ကလေးရဲ့
ချစ်စရာ အမူအရာလေးတွေ...၊၊

" ကိုကို ဘာမှမဖြစ်လို့ မစိုးရိမ်နဲ့နော် "

" ဟုတ်ရော ဟုတ်ရဲ့လားဗျာ... အရမ်း
အဆင်မပြေရင် ယောက်ဖကို ခေါ်ပေးရမလား "

" နေပါစေကွာ... အဲ့အစား အကြင်နာပေး"

နှုတ်ခမ်းကို ရှေ့ထိုးပြနေတဲ့ ရှောင်းကျန့်
ကြောင့် ရိပေါ် ပြုံးလိုက်သည်၊၊ သူလဲ
နှုတ်ခမ်းလေးထော်ကာ ရှောင်းကျန့်၏
ပန်းနုရောင် နှုတ်ခမ်းကို ဖိကပ်လိုက်သည်၊၊
အကြံကြီးတဲ့ မြေခွေးကြီးက အလွတ်မပေးဘဲ
အတင်းနမ်းလေသည်၊၊

အသက်ရှူကြပ်လာမှ နှစ်ဦးသား
မောဟိုက်ကာ ခပ်ပြင်းပြင်း အသက်ရှုသံ
တွေကလဲအရမ်းကို လျင်မြန်နေသည်၊၊

" ကိုကိုကဗျာ အရမ်းဆိုးတာပဲ "

" မဆိုးပါဘူးကွာ... ထိန်းထားရတာ
ကြာတော့လည်း နည်းနည်း စိတ်က
မထိန်းနိုင်တာ..."

အမွှေစိန်လေးရဲ့ ချစ်သူ [[ Completed ]]Where stories live. Discover now