Zawgyi
မမဝမ်ချင်တို့လဲ ဟန်နီးမွန်းက ပြန်လာ
တာ တစ်ပတ်တောင် ရှိပြီ၊၊ ဒေါက်တာ
အတွဲက မင်္ဂလာဦးအိမ် မှာ သွားနေကြသည်၊၊
ရိပေါ်ကတော့ ကိုယ်ဝန်ကြောင့်
ကျောင်းလဲမတက်ရ၊ ဘယ်မှ မသွားရဘဲ
မိဘအိမ်မှာပဲ သောင်သင်နေရသည်၊၊
သုံးလကျော်ဗိုက်ကလေးကို အကဲပို
နေတဲ့ လင်တော်မောင်နဲ့ မားမားက
သိပ်ကို အဖြစ်သည်းနေတာပါလေ၊၊
ပါးကတော့ အနေအေးသူပီပီ ဘာမှ
မပြောဘူး၊၊" ရိပေါ် အချစ်ရေ ကိုယ် ပြန်လာပြီ "
" အား ! စောလှချည်လား ကိုကို "
" ဆိုပါတော့ဗျာ... Meeting ပြီးပြီးချင်း
အိမ်က ယောက်ျားကို လွမ်းလို့ ကိုယ့်
ချစ်လိပ်ပြာလေးက ဖလပ်ဖလပ်နဲ့
ပြန်လာချင်နေတာ "" ဟွန်း အပိုတွေ "
လက်ဆွဲအိတ်ကို စားပွဲပေါ်တင်လိုက်ကာ
ကိုကို နက်တိုင်ကို ဖြည်ပေးလိုက်သည်၊၊" ပြွတ် အလိုက်သိတဲ့ အတွက် ဆုချတာ "
" ကျစ်... ငြိမ်ငြိမ်နေဗျာ "
ပြီတိတိနဲ့ မျက်နှာပိုး မသတ်နိုင်သော
ကိုကိုကြောင့် နှုတ်ခမ်းတွေ ပြုံးမိသွားတယ်၊၊" ကလေး အခုတလော ငြိမ်နေတယ်နော် "
" အင်း ကျွန်တော် က အရိုင်းအစိုင်းမှ
မဟုတ်တာ၊၊ ကိုကိုနော် အားနေ လူကို
ဖဲ့ဖို့ပဲ "ထိုအခါ ကိုကိုက ယုန်သွားပေါ်အောင်ထိ
နှစ်နှစ်ခြိုက်ခြိုက်ရယ်ပြလေသည်၊၊
ရိပေါ်၏ ဆံသားနုနုလေးကို လက်နဲ့
ဖွကိုင်ရင်း" စတွေ့တုန်းက ကလေးက ငစွာလေးလေ
ကိုကိုကို ရန်တွေ့နေခဲ့တုန်းက စူနေတဲ့
နှုတ်ခမ်းကို အသဲယားလို့ ဆွဲမွမိတာ
အဲ့အချိန်ထဲက ကိုယ့်ရဲ့ ရင်ခုန်သံတွေက
ကလေး အတွက်ပဲ ဖြစ်တည်လာတော့တယ် "" အဲ့တုန်းက ကိုကို က လမ်းလည်မှာ
ကားရပ်နေတာကို... အဲ့အချိန်က စိတ်လဲ
မကြည်တော့ ဒေါသထွက်ပြီး အပြစ်တင်မိတာ
တစ်ခုတော့ သိလိုက်ရတယ် "" ဟင် ဘာလဲဟင် "
" ရှောင်ရှောင်းကျန့်က နှာဘူး အနမ်းသရဲ
ဆိုတာကိုပေါ့ "
![](https://img.wattpad.com/cover/220130339-288-k146549.jpg)
YOU ARE READING
အမွှေစိန်လေးရဲ့ ချစ်သူ [[ Completed ]]
Fanfictionကျတော် ကောင်လေးက အဆိုးလေးဗျ သူမွှေသမျှ လိုက်ရှင်းရတာ