/11/

12.9K 1K 55
                                    


[ Unicode ]

အမွှေစိန်လေးရဲ့ ချစ်သူ
အပိုင်း၁၁

ဒီနေ့ ရှောင်းသခင်နှင့် အတူ ချုံချင်းဘက် အလုပ်ကိစ္စ သွားလုပ်ရမည်လေ...အာ့ကြောင့် နံနက် ၃နာရီထဲက ထပြီး ပြင်ဆင်နေတာ မပြီးစီးနိုင်
နေရမှာ တစ်ပတ်ဆိုပေမဲ့ ယူသွားမည့် အဝတ်က suitcase နဲ့ တစ်လုံး.....
မသိရင် ခိုးရာနောက် လိုက်သွားမဲ့ ပုံစံမျိုး
ရိပေါ်ပဲ စောနေတာလား...သူကပဲ ကာလနဂါးလို သေနေလား မသိဘူး
လာကို မခေါ်သေးဘူး.....
ဒီလိုနဲ့ ရိပေါ် ထိုင်စောင့်နေရင်း ထပ်မံအိပ်ပျော် သွားလေသည်၊၊
အိပ်မက်ထဲတွင် ရိပေါ်တစ်ယောက် လူတစ်ယောက်နှင့်အတူ လက်ထပ်လိုက်ရတယ်လို့ မြင်မက်လေသည်၊၊

"Nî Hão ba and ma"

"အေး သားလာတာ စောလှချည်လား
အခုမှ ၅နာရီရှိသေးတာကို....."

"မစောပါဘူး မားရယ်....ချုံချင်းကို ကား၁၄နာရီစီးရမှာ အာ့ကြောင့် စောလေ မြန်မြန်ရောက်တာပေါ့..."

"အေးကွယ်....သားကို အားနာပါရဲ့
ရိပေါ်က အငယ်ဆိုတော့ ဗိုလ်ကျချင်ရှာတယ်.....သားလေး ပြောမှား၊ ဆိုမှား ရှိရင် ခွင့်လွှတ်ပေးစေချင်တယ်ကွယ်..."

"မစိုးရိမ်ပါနဲ့ မား....မား သမက် အပေါ် စိတ်ချလိုက်ပါ...."

ရှောင်းကျန့်မှာ ဝမ်မား၏ ယုံကြည်မှုကို အပြည့်အဝ ရထားလေသည်၊၊
ရှောင်းကျန့် အဘိုးက ဝမ်ပါး၏ ဆရာတစ်ယောက် ဖြစ်တော့ ခွေးပေါက်လေး မိခင်မှန်း သိသွားကတည်းက ရိပေါ်ကို လက်ထပ်ချင်ကြောင်း ဝမ်မားကို အပူကပ်ထားရ၏
တော်ကြာ ကိုယ်ကလေးလေး သူများနောက် ပါသွားမှာ မလိုလား
တော်ကြာ မြန်မာ သီချင်းထဲကလို
'သူများနဲ့ ညားတဲ့ ငါ့ရည်းစား' လို့တော့ အဖြစ်မခံနိုင်....ရှောင်းကျန့်ကွ...ဘယ်ရမလဲ
Crush ကို အပိုင်လိုချင်ရင် ယောက္ခမကို အရင် ဖားထားမှ
Crush ပြန်ချစ်အောင်လည်း လွတ်ရင် လွတ်သလို နေရာမရှောင် အနမ်းပေးပါ၊၊
ဒါများ အများရှေ့ သူက ငါ့အပိုင်ဆိုတဲ့ ဆိုင်းဘုတ်ကြီး ပေါ်လာမှာ
ဘယ်လောက်ပဲ မာနကြောင့် ငြင်းဆန်နေပါစေ .... အသားတာယူတတ်ပါစေ၊၊
နောက်ဆုံး ကိုယ်လက်ထဲ အပြီးပိုင် ရလာမှာ

အမွှေစိန်လေးရဲ့ ချစ်သူ [[ Completed ]]Where stories live. Discover now