/33/

6.4K 516 27
                                    

Zawgyi

ဖန်ရှင်း ၊ ဟောက်ရွှမ်း ကောင်းမှုကြောင့် ရိပေါ် ခါးရော ဖင်ရော နာနေသည်၊၊ တောက် မြေခွေးကြီးကျန့် ယုတ်မာလိုက်တာ၊၊

မနေ့ညက ကိစ္စ ကို အခဲမကျေတဲ့ ရိပေါ်က ရှောင်းကျန့် ကို ကောက်တော်မူနေသည်၊၊ ရှောင်းကျန့် မနေ့ညက ဖန်ရှင်းတို့ ကျေးဇူးကြောင့် မုန်လာဥ စားလိုက်ရတော့ ကြိတ်ပျော်နေသည်၊၊

"ကလေး ဘာစားမလဲ "

"ဘာမှ မစားချင်ဘူး.."

"စိတ်ကောက်နေတာလား"

"ဘာကိစ္စ ကောက်ရမှာလဲ"

"ကြည့်စမ်း မကောက်ဘူးဆို ဘာလို့ နှုတ်ခမ်း ဆူနေတာလဲ ကလေးလေးရ.."

"နှုတ်ခမ်းက သူဘာသာ ဆူနေတာ ကို အမိန့်ပေးလို့မှ မရတာ"

"ဟားဟား စိတ်မကောက်ပါနဲ့ ကလေးရ..၊၊
အခုမှ အတူနေဖူးတာကျနေတာပဲ"

"တော်စမ်းပါ၊၊ ခင်ဗျားကြောင့် ခါးရော၊ ဖင်ရော နာနေပြီ၊၊ သွား လူဆိုး.. သူများသား နုနုလေးကို မညှာမတာ ဆက်ဆံရက်တယ်၊၊ ပြန်မယ် Chinese ပြန်မယ်"

"နောင်တ မရရင် ပြန်ပေါ့၊၊ ကိုကိုက မြန်မာပြည် တစ်ခွင် လည်ဦးမှာ.."

မူနေတာကို မချော့တဲ့ အပြင် ပြန်ဆိုပြီး နှင်ထုတ်နေတယ်၊၊ ရှောင်းကျန့် ခင်ဗျားကို သောက်ရမ်း မုန်းတယ်၊၊

"အီး ဟီး ဟီး အဟင့် အခုတော့ ချစ်ရတာ ရိုးသွားလို့ နှင်ထုတ်ပြီပေါ့ ဟုတ်လား၊၊ ရွှတ် အကျင့်မကောင်းဘူး သဝါး လူဆိုးကြီး"

"ကိုကိုက နှင်ထုတ်တာ မဟုတ်ဘူး၊၊ ကလေး ဘာသာ ပြန်ချင်နေတာလေ၊၊ ဧည့်သည် ဆိုတာ အချိန်တန်ရင် ပြန်ရမှာပဲ၊၊ အချိန်ပဲ ကွာသွားတာ၊၊ "

"ရွှတ် ဘာတွေ လာပြောနေတာလဲ"

"လူ့စကားတွေ ပြောနေတယ်ကွာ၊၊ ကဲ ထမလား မထဘူးလား၊၊ "

"ရွှတ် ဟင့် ချီလို့.."

ရှောင်းကျန့် ကို ချီဆိုတဲ့ အထာနဲ့ လက်လေးနှစ်ဖက် ပစ်ပေးပုံက အသဲယားစရာ၊၊ ဖြူဖွေးဖွေး အသားစိုင်လေးမှာ နေရာယူထားတဲ့ အနီရင့်ရောင် အမှတ် အသားလေးတွေက ရှောင်းကျန့် ၏ ချစ်အမှတ်အသားလေးတွေ၊၊

အမွှေစိန်လေးရဲ့ ချစ်သူ [[ Completed ]]Where stories live. Discover now