/6/

14K 1.1K 34
                                    


[ Unicode ]

အမွှေစိန်လေးရဲ့ ချစ်သူ
အပိုင်း၆

ရိပေါ် အဲ့ကိစ္စပြီးကတည်းက အပြင်မထွက်၊ အိမ်တွင်းအောင်းနေ၏၊၊ ရှောင်းကျန့်၏
သူ့ကို နမ်းသွားသည့် ကိစ္စက မျက်လုံးထဲက မထွက်၊ ရေချိုးသည်ဖြစ်စေ၊ ထမင်းစားသည် ဖြစ်စေ၊ ယုတ်စွအဆုံး အဲ့ဟာကြီးပဲ မျက်လုံးထဲ ပေါ်ပေါ်လာတယ်.....၊၊

ငါတော့ ရူးတော့မယ်......အဲ့ဒါကြီးပဲ မျက်လုံးထဲ မြင်နေတာ အဆင်မပြေဘူး....
ရင်ဘတ်ကလည်း အနီရဲရဲကြီးက ပျောက်မသွားသေး.....၊၊

တောင်💌
ဖုန်းက message သံကြောင့် ကောက်ကိုင်ကြည့်လိုက်တော့ ဘာတဲ့
အမွှေစိန်ရဲ့ ချစ်သူ❤️ တဲ့ ဘာလား
ငါလဲ မသိတဲ့ နံပါတ်ကြီး...

💌ကလေး ဘာလုပ်နေလဲ❤️💌

💌အခုပြောနေတာ ဘယ်သူလဲ💌

💌ဝမ်မုန်လာဥရဲ့ ကိုကို လေ💌

💌လာကြောင်မနေနဲ့
ဘယ်သူတုန်း💌

💌မရိုင်းရဘူးလေ.....ထားပါ ကိုယ်က ချစ်ရသူ ဆိုတော့ ခွင့်လွှတ်ပေးမယ်
ကလေးရဲ့ ချယ်ရီပွင့် ပိုင်ရှင် လေ💌

ရိပေါ် မျက်လုံးပြူးပြီလေ.....
အား!!!!!ငါဖုန်းနံပါတ် ဘယ်လိုသိတာပါလိမ့်.......

💌အရူး....💌

💌လွမ်းလိုက်တာ
အရမ်း လွမ်းတယ် 💌

ရိပေါ် နှုတ်ခမ်းလေးတွေ ပြုံးသွားမိတာ အမှန်ပင်.....လူကြီးက roတတ်သေးတာလား

💌ဖုန်ရှု💌

💌ဖုန်တော့ မရှုချင်ဘူး.......
ကလေးလေး ကိုယ်သင်းရနံ့ပဲ ရှူချင်တာ💌

ရိပေါ် လက်ထဲက ဖုန်းတောင် ကုတင်ပေါ် ချသွား၏၊၊ ရင်ဘတ်ကိုလည်း လက်နှင့်ကိုင်ကာ ရှုးရှူးရှဲရှဲ ဒေါသထွက်လာသည်၊၊
အနက်ရောင်ဂျာကင်ကို အပေါ်က ထပ်ဝတ်ကာ ရှောင်းကျန့် အိမ်သို့ သွားရန် ပြင်လေသည်......၊၊

"မောင်လေး......"

ဘယ်အချိန်ကတည်းက ရောက်လာမှန်း မသိတဲ့ သူ၏ တစ်ဦးတည်းသော ချစ်လှစွာသော မမ ဝမ်ချင်....

အမွှေစိန်လေးရဲ့ ချစ်သူ [[ Completed ]]Where stories live. Discover now