/53/

4.9K 434 17
                                    

Zawgyi

အမွှာတွေ (၆) လအရွယ် ....

" မန်းမန်းစားရအောင် အသဲလေးတွေရေ "

" အဲ့ အဲ့ "

ထိုင်ခုံလေးပေါ်တွင် တစ်ယောက်စီ ထိုင်နေလျက် လက်ခုပ်လေးတီးကာ ထမင်းစားဖို့ တက်ကြွနေသော အမွှာလေးတွေ၊၊ (၆) လအရွယ်တွင်တော့ ထမင်းကို ဝါးပြီး ကလေးတွေကို ကျွေးလေ့ရှိသည်၊၊ ဒါဟာလည်း ဖွံ့ဖြိုးဖို့အတွက် ကလေးငယ်တွေရဲ့ အာဟာရလေးတွေပင်ဖြစ်သည်၊၊

" တော်လိုက်တာ ပါးပါး ကလေးတွေ အများကြီးစားတယ်၊၊ လိမ္မာလိုက်တဲ့ ကလေးလေးတွေ "

" ဘူး ခစ်ခစ် "

ပါးဖောင်းကြီးတွေ အမွေရထားတဲ့ သုံးယောက်က ရိပေါ်လေးနဲ့ အရမ်းပင် တူသည်၊၊ ရှောင်းကျန့် နဲ့ တူတာဆိုလို့ မှည့်သေးသေးလေးပင် ဖြစ်သည်၊၊ ကုမ္ပဏီ တည်ထောင်ထားတဲ့ CEO ယောက်ျားက မအားသဖြင့် ကလေးတွေနဲ့ အချိန်သိပ်မပေးနိုင် ၊၊ သို့သော်လည်း အိမ်ရောက်ရင် သူ့ကလေးလေးတွေကို လက်ကပင်မချဘဲ ကစားပေးတတ်သည်၊၊

တီ တီ တီ

" ဟော... ကားသံကြားတယ်၊၊ သားတို့ ဒယ်ဒီ လာပြီ ထင်တယ် "

ရိပေါ်က လက်ထဲက ပန်းကန်လေးကို စားပွဲပေါ်တင်ကာ  ယောက်ျား ဖြစ်သူကို သွားကြိုလေသည်၊၊

" ပြန်လာပြီလား ကိုကို ^-^ "

" ပြန်လာပါပြီခင်ဗျာ "

ပြောသွနှင့်အတူ မျက်နှာ တစ်ခုလုံး နွေးကနဲ နေအောင် အနမ်းခံလိုက်ရသည်၊၊ ဒါဟာ ကိုကို ပြန်လညတိုင်း အမြဲ လုပ်နေကြ၊၊

" ဟယ်တော် တံခါးပေါက်မှာ မိုးမမြင်လေမမြင် လူမမြင် နမ်းနေမဲ့အစား အိမ်ထဲဝင်ပြီး အခန်းလေးထဲ စိတ်ကြိုက်နမ်းကြပါတော် "

" မားကလည်း ဖဲ့ဖို့ပဲ၊၊ သားတို့ရော "

" အခန်းထဲနေမှာပေါ့  "

" မားကလေ အလိုက်ကမ်းဆိုးမသိ မသိဘူး၊၊ "

" အမလေးဟယ် "

ရှောင်းကျန့် အမေဖြစ်သူကို နှာခေါင်းရှုံ ကြည့်ပြီး ရိပေါ်လက်ကို ဆွဲကာ အပေါ်ထပ်တက်သွားလေသည်၊၊ အောက်ထပ်က မား ဘာဖြစ်လဲ မသိချင်ဘူး၊၊ အဲ့မားကလေ အခုတလော သူများ သာယာနေရင် လိုက်ဖျက်တတ်တဲ့ သာသနာဖျက် မာတာမိခင်ကြီး ၊၊

အမွှေစိန်လေးရဲ့ ချစ်သူ [[ Completed ]]Where stories live. Discover now