/24/

8.2K 714 20
                                    

[ Unicode ]

အမွှေစိန်လေးရဲ့ ချစ်သူ
အပိုင်း၂၄

နေခြည်နုနုလေးက လေပြတင်းကနေ လိုက်ကာစလေးတွေ လွှင့်ပါလာအောင် တိုက်ခတ်နေသည်၊၊ ကျေးငှက်လေး၏ တီတီတာတာ အော်မြည်သံနဲ့ အတူ နံနက်ခင်း ပိတ်ကာစကြီး ဖွင့်လှစ်လာသည်၊၊

ရှောင်းကျန့် နာကျင်နေတဲ့ လက်မောင်းတစ်ဖက်ကြောင့် ဘေးကိုကြည့်လိုက်တော့ ဖြူလုံးလုံး မုန်လာဥ လေးက သူ့ဆေးချယ်ထားတဲ့ အရောင်လေးနဲ့အတူ နှစ်ခြိုက်စွာ အိပ်ပျော်နေသည်၊၊ နှာတံလုံးလုံးလေးက နီရဲနေကာ ငိုထားလို့ ခြောက်ကပ်နေတဲ့ မျက်တောင့်လေးတွေ၊ ဖူးယောင်ကာ ပေါက်နေတဲ့ နှုတ်ခမ်းလေးကလည်း စတော်ဘယ်ရီရောင်လို နီရဲရဲလေး၊၊ ဖူးငုံကြွယ်စွာ လူပျိုဖြန်းလေး ရိပေါ်ကို ရှောင်းကျန့် ပိုင်ဆိုင်ခွင့်ရခဲ့တာ ကံကောင်းခြင်း လက်ဆောင်လေးတစ်ခု၊၊

နဖူးပေါ် ဝဲကျနေတဲ့ ဆံနွယ်တွေကို သပ်တင်ပေးရင်း နဖူးလေးကို နမ်းဖို့လဲ မမေ့ပေ၊၊
အချိန်အားဖြင့် ၇နာရီ၊ ဒီနေ့ ဝက်ပျင်းလေး ကျောင်းတက်ရမဲ့နေ့ပဲ၊၊ ရှောင်းကျန့် ပိစိသေးလေးကို နိုှးလိုက်တော့ အင့်၊ အဲ အသံနဲ့အတူ အိပ်သွားပြန်ပြီ၊၊ ဟော... ကလေးပေါက်တွေက နှိုးရအခက်ဆုံးပဲ၊၊

"ထတော့လေ၊၊ မိုးလင်းနေပြီ၊၊ ဝက်ပျင်းလေး ၊ ပူတူးတူးလေး၊ ဘေဘီ၊ ဟန်နီ၊ အချစ်ရေ၊ ကိုယ်ရဲ့ ငယ်ရေ...."

"ကျစ် တိတ်တိတ်နေစမ်းပါ၊၊ ကိုကိုရာ
အိပ်ရေး မဝသေးဘူးလို့..."

"ကျောင်းမသွားတော့ဘူးလား၊၊ "

ထိုအခါမှ ပွင့်ဟလာတဲ့ မျက်ဝန်းလေးတွေ၊ သမင်မျက်လုံးလေးနဲ့ ရိပေါ်ကို ကြည့်ပြီး ရှောင်းကျန့် အသဲ တွေ မြေခရပြီ၊၊

"အွန်း... ခင်ဗျား လုပ်ရပ်ကြောင့် လူက ပန်းနေတယ်၊၊ စိတ်သွားတိုင်း ကိုယ်မပါတော့ဘူး၊၊"

"ဟီး....ကိုကို အဆုံးထိ တာဝန်ယူပါတယ်၊၊ ပျင်းမနေနဲ့ ထတော့နော်၊၊ ပထမဆုံး ကျောင်းစတက်ရမဲ ရက်ပဲ၊၊ တတိယနှစ်ရောက်သွားတဲ့ ကိုကို ကလေးလေး၊၊ "

ထိုမနက်ခင်းလေးကတော့ အိပ်ရာထပျင်းနေတဲ့ လူဆိုးလေးကို ချော့မော့ကာ ထခိုင်းလိုက်ရသည်၊၊ လမ်းမလျှောက်နိုင်ဘူးဆိုပြီး ငိုကာ ဆဲနေတဲ့ ကောင်ဆိုးလေးက မင်္ဂလာ နံနက်ခင်းကို အမင်္ဂလာ ဖြစ်သွားစေပြန်တယ်၊၊
ကိုကို ကလေးလေးက အသံစူးပြီး ဘယ်လောက် အဆဲသန်လဲ ဆိုတာ မှတ်ထားရဦးမည်၊၊

အမွှေစိန်လေးရဲ့ ချစ်သူ [[ Completed ]]Where stories live. Discover now