/35/

6.3K 529 19
                                    

Zawgyi

"🎼ပုဆိုးလေးနဲ့ အရမ်းပဲ မိုက်တဲ့ ကိုကိုရေ စွဲမိတဲ့ နှလုံးသားလေးကို မြင်အောင်ကြည့်ပါ
အကြိမ်ကြိမ်လည်ပြန်ကြည့်ကာ ကိုကို သေချာ မသိပါ..ရင်မှာ ကမ္ဘာတွေ ပျက်ပြီး🎼"

ရှောင်းကျန့် နားကြပ်ကြီး တပ်ကာ နှုတ်ခမ်းစူကာ သီချင်း ရွတ်ဆိုနေတဲ့ ကောင်လေး ကြောင့် ရယ်လိုက်မိတယ်၊၊ feel အပြည့်နှင့် မျက်ဝန်းမှိတ်ကာ ဆိုနေတဲ့ အဆိုးလေး..
နေအတော် ပူတာကြောင့်ဒီနေ့  ဘယ်မှ မသွားဘဲ ဟိုတယ်မှာပဲ သောင်သင်နေလိုက်တယ်၊၊

အိမ်မှာနေတုန်း လပ်တော့စ်ကနေ mailတွေ လိုက်စစ်ရပြန်တယ်၊၊ တော်ကြာ ကုမ္ပဏီ ဒေဝါလီ ခံနေမှ ဒုက္ခ...၊၊

"🎼ပေါ်ပေါ် ဘဝကို ပိုင်သူသာလျှင် ထာဝ သခင်..ဘယ်သူမှ မပေးနိုင် ပေါ်ပေါ် အချစ် သိစေချင်..ပုဆိုးလေးနဲ့ ကိုကိုက ကျက်သရေပင်..ဘယ်လိုပဲ ကြည့်ကြည့် မိုက်တယ် ကိုကိုဟာ ပေါ်ပေါ် အမြင်.. မြန်မာ ဆန်ဆန် ပုဆိုးလေးနဲ့ ချစ်စရာ ကိုကို🎼"

အလုပ်လုပ်နေတဲ့ ရှောင်းကျန့် နား သီချင်းရွတ်ကာ သရုပ်ဆောင် ဖော်နေသည်၊၊ ရှောင်းကျန့် ခမျာ ချစ်သူလေး လုပ်သမျှ မငြိုမငြင် ထိုင်ကြည့်နေတယ်၊၊

"ကိုကို အခု သီချင်းက ဘာလဲ သိလား"

"ဟမ် မသိဘူးလေ"

"တုံးလိုက်တာ.. ကိုကို အတွက် ဆိုပေးတာလေ မြန်မာဆန်ဆန် ပုဆိုးလေးနဲ့ ကိုကို ပုံစံလေးကြည့်ပြီး မြန်ဆန်ဆန် သီချင်း ရှာပြီး ဆိုနေရတာ..ဟူး မောလိုက်တာ ဟောဟဲ..."

" မောသွားပြီ ကိုကို ကလေးလေး ပြွတ် "

"ကိုကို.."

"ဗျာ"

"ချစ်တယ် "

"ကိုကိုလဲ အများကြီး ပိုချစ်တယ်"

နူးညံ့ပြီး ချစ်ရည် ရွှန်းလဲ့သော မျက်ဝန်း၊ ရုပ်တည်လေးနဲ့ ပြောလာတဲ့ ကောင်လေးကြောင့် ကြည်နူးမှုများ ဖြတ်သန်းရတယ်၊၊ ပိတုန်းရာင် တောက်ပနေတဲ့ ဆံနွယ်တွေကို သပ်တင်ပေးလိုက်ရင်း နှင်းဆီဖူးဖူး နှုတ်ခမ်းလေးက ပါးချိုင့်ရေးရေးပေါ်သည့် အထိ ပြုံးရယ်လိုက်မိတယ်၊၊

အမွှေစိန်လေးရဲ့ ချစ်သူ [[ Completed ]]Where stories live. Discover now