/29/

6.4K 603 22
                                    

Zawgyi

"ပုဆိုး ဝတ်ရမှာလား ဝွန်း"

"အေးလေကွာ၊၊ မြန်မာ လူမျိုးတွေက ပုဆိုးဝတ်တာ မမြင်ဘူးလား၊၊ "

"မြင်တော့ မြင်တာပေါ့ကွ၊၊ ငါမှ မဝတ်တတ်တာ၊၊ "

"ခါးပတ်နဲ့ ဝတ်လေကွာ၊၊ "

"အော် အေး အေး"

ပုဆိုး တစ်ကွင်းနဲ့ စကားများနေတဲ့ ဖန်ရှင်းနဲ့ ဟောက်ရွှမ်းပါလေ၊၊ ရိပေါ်ကတော့ အလှဆုံး ပို့စ်ရိုက်ကာ weibo တင်ပစ်ရမည်၊၊

တစ်ဖက်မှာလည်း ရှောင်းကျန့် တစ်ယောက် လင်ပူမိနေသည်၊၊ ဖုန်းဆက်တော့လဲ မကိုင်၊ ငမွှေထိုးလေး ဘာလုပ်နေပါလိမ့်၊၊ ဧကန္တ အသစ်တွေ့နေတာလား၊၊ အား မဟုတ်လောက်ပါဘူး၊၊ ရှောင်းကရှောင်းကျန့် တစ်ယောက် ခေါင်းတယမ်းယမ်းနဲ့ ခေါက်တုန့် ခေါက်ပြန် လျှောက်နေသည်၊၊ ဖုန်းဆက်ဖို့လဲ မမေ့ပေ၊၊

Weiboက တက်လာတဲ့ ချစ်လင် ပို့စ်လေးကြောင့် စိတ်ကတိုသွားပြန်သည်၊၊ ပါးမှာလဲ ဘာတွေ လိမ်းထားမှန်းမသိဘူး၊၊ ဝတ်ထားတာကလည်း မြန်မာ စတိုင်မျိုး၊၊

"လူဆိုးလေး ဖုန်းမကိုင်နိုင်ရအောင် အပြင်မှာ သာယာနေတာပဲ၊၊ ဟွန်း စိတ်ဆိုးတယ်ကွာ၊၊"

လက်ထဲကဖုန်းလေး မြည်လာမှ သူ့ချစ်သူဆီကဆိုတော့ ကြည်နူးရိပ်လေး သမ်းသွားရပေမဲ့ လွယ်လွယ်နဲ့ စိတ်ပျော့လို့မဖြစ်၊၊ လူဆိုးလေး စိတ်ကောက်ရဦးမယ် ဟွန့်၊၊

"ဟဲလို..."

လေသံမာမာနှင့် အသံကြောင့် ရှောင်းကျန့် စိတ်ဆိုးနေမှန်း ရိပေါ် ရိပ်မိသွားသည်၊၊ တစ်နေ့လုံး ပစ်ထားမှတော့ သူစိတ်ဆိုးပြီပေါ့၊၊

"အားရိုး ကိုယ်အချစ်လေးက လေသံမာနေပါ့လား၊၊ စိတ်ဆိုးနေတာလားလို့.."

"ကိုယ့် အပြစ် ကိုယ်သိ.."

"ဟမ် အပြစ်.. အာ တမင်ပစ်ထားတာမှ မဟုတ်တာ၊၊ ကျွန်တော် ကိုကို ကို ဘယ်လောက်ချစ်လဲ သိတယ်မလား၊၊ စိတ်ကောက်မနေပါနဲ့ ကိုကိုရာ"

"ကောက်တာ မဟုတ်ဘူး၊၊ စိတ်မကောင်းတာ၊၊ ကလေးက ကိုကို ကို ပစ်ထားတော့ ဒီလူ ရင်မှာ ပူဆွေးသောက ရောက်နေပြီပေါ့၊၊ အချိန်မှန်မှန် ဖုန်းဆက်ပါ အချစ်ရာ.."

အမွှေစိန်လေးရဲ့ ချစ်သူ [[ Completed ]]Where stories live. Discover now