Zawgyi
မင်္ဂလာပွဲအတွက် ဝတ်စုံ၊ လက်စွပ်၊နေရာကအစ
စီစဉ်ပြီးပြီ ဖြစ်၍ မနက်ဖြန်မှာ လက်ထပ်ရတော့မည်ကို
ရင်ခုန်နေမိသည်၊၊
ကိုကိုနဲ့ အတူနေရတော့မည်ဟု တွေးလိုက်တိုင်း
ရင်ထဲ သိမ့်ကနဲ ကြည်နူးသွားရသည်၊၊
မနက်ဖြန်က ပျော်ရွှင်မှုအပေါင်း ခညောင်းရာနေ့ပဲ၊၊" သားငယ် မအိပ်သေးဘူးလား "
" မား "
" မနက်ဖြန် မင်္ဂလာဆောင်ကျ သတို့သားလေး
မျက်ကွင်းတွေညိုနေတော့မှာပဲ၊၊ အိပ်တော့လေ
သားငယ် "" မား "
ရိပေါ် မားရင်ခွင်ထဲ ဝင်ကာ အိကနဲ ငိုချလိုက်သည်၊၊
မားက သူ့ခေါင်းလေးကို ခပ်ဖွဖွ ပွတ်သပ်ပေးတယ်၊၊
မား ရင်ခွင်က သားအတွက် နွေးထွေးတဲ့ မေတ္တာဓာတ်
တွေ လွှမ်းခြုံ ရာ နေရာတစ်ခုပါ၊၊" သားငယ် ကလေးလေးကျနေတာပဲ၊၊ မငိုပါနဲ့
မားသားလေးရဲ့၊၊ မင်္ဂလာပွဲမှာ သားမျက်လုံးတွေ
ဖောင်းပြီး ကြည့်မကောင်းဘဲ နေလိမ့်မယ် "" မား.... ဝေါ်အိုက်နီ မား "
ဝမ်မား ရယ်သွေးရွှန်းရပြန်တယ်၊၊ သားငယ်လေးက
ဝေါ်အိုက်နီတဲ့လား၊၊ ဝမ်းနဲ့ လွယ်မွေးခဲ့ရတဲ့
သားလေးမို့ တစ်ပါးသူ လက်ထဲ ပေးရမှာ
နှမြေတသ ဖြစ်မိပေမဲ့ အတောင်စုံရင် ပျံရမှာ
သဘာဝပါပဲ၊၊ သားရဲ့ အိမ်ထောင်ဖက်ကလည်း
သားအပေါ် မေတ္တာ ရှိနေတော့ ကျိန်းသေ
သဘောမတူစရာမှ မရှိတာ၊၊ ဒါ့အပြင် မြေးချီရတော့မည်ဟု
တွေးမိတိုင်း ကြည်နူးမှု တစ်ရိပ်ရိပ်နဲ့....၊၊" ဝေါ်အိုက်နီပါ သားရယ် အိပ်တော့နော်
ခြင်္သေ့ ပေါက်လေး ချွဲနေတာပဲ "" မား သိတယ်မလား တစ်လောကလုံးမှာ မိန်းမဆိုလို့ မားနဲ့ မမကိုပဲ သားက ချစ်တယ်ဆိုတာ "
" သိပါတယ်တော့် "
" မမကလဲ ချစ်တယ်နော် "
မမ အသံ ကြားတော့ လှည့်ကြည့်ရာ အဖြူရောင်
ကြိုးသိုင်း ဂါဝန်လေးနဲ့ မမက သူ့နဲ့ မားဆီ
လျှောက်လာတယ်၊၊" မမရဲ့ ကလေးဆိုးကြီး မားကို ကပ်ချွဲနေတာလား "
" မမကလဲ "

VOUS LISEZ
အမွှေစိန်လေးရဲ့ ချစ်သူ [[ Completed ]]
Fanfictionကျတော် ကောင်လေးက အဆိုးလေးဗျ သူမွှေသမျှ လိုက်ရှင်းရတာ