Zawgyi
"ကိုကိုက အကျင့်မကောင်းတဲ့ ယုန်အိုကြီး "
ရိပေါ် ခေါင်းအုံးကြီးပိုက်ကာ ကုတင်ပေါ်တွင်
ခြေဆန့် ထိုင်ရင်း ရစ်နေသည်၊၊
ရှောင်းကျန့် က ကုမ္ပဏီ ကိစ္စ ကြောင့်
အလုပ်လုပ်နေရင်း လပ်တော့စ် တစ်လုံးနဲ့
အလုပ်ရှုပ်နေရှာတယ်၊၊" ကိုကို ငါးဟင်း စားချင်လိုက်တာ "
" အင်း ပါဆယ်မှာလိုက် ကလေး
ကိုကို မအားသေးဘူး "" ဒီမှာ ခင်ဗျား ဆော်ထားလို့ ဖင်နာနေတယ်၊၊
ကိုယ်ဘာသာ ဖုန်းဆက် မှာလိုက် "ရှောင်းကျန့် က မနိုင်ဘူး ဆိုတဲ့
သဘောနှင့် ခေါင်းယမ်းကာ
ဖုန်းဆက်လိုက်ရလေသည်၊၊
မြန်မြန် ပေကျင်း ပြန်ရမယ်၊၊
အလုပ်တွေက ငါ့ မရှိမှ
ပိုတိုးနေတာ ချီးလို အထာနဲ့...၊၊🖤🖤🖤🖤
အကုန်စားသောက်ပြီး ခြေကားယားကြီး
လှဲနေတဲ့ ရိပေါ်ဟာ ဆတ်ရတ်မင်း စည်းစိမ်
ခံစားနေတဲ့ ဂိုက်မျိုး၊၊ ဝယ်လာသမျှ
သူချည်းပဲ စားတယ်၊၊ အစားဆို
ချစ်သူတောင် မပြောနဲ့ မိဘတောင်
သဒ္ဒါ မှာ မဟုတ်ဘူး၊၊" ကိုကို "
" ဗျာ "
" တစ်နေ့လုံး လပ်တော့စ်ပဲ ကြည့်နေတော့မှာလား "
"ကိုကို အလုပ်တွေ များနေလို့ပါကွာ "
" ကိုကို ကိုမေးရဦးမယ်၊၊ အလုပ်နဲ့
ကျွန်တော် ဘယ်သူကို ပိုချစ်လဲ "" သေချာပေါက် အမွှေစိန်လေးပေါ့ "
" အင်းလေ အဖြေကရှင်းနေတာပဲ၊၊
ပိုချစ်တဲ့သူကို ပိုဦးစားပေးလေ၊၊
တစ်မနက်လုံး အလုပ်လုပ်နေတာ
မပြီးနိုင်သေးဘူးလား "" အင်း ကလေးရာ ဆိုးလိုက်တာ "
" ဟုတ်တယ် ဆိုးတယ် ဘာလုပ်ချင်လဲ
လူဆိုးကြီး "" ဘာမှမဖြစ်ဘူး ၊၊ ဆိုးတာလေးပဲ
ချစ်နေရတာ "" အွန်း "
ဂုဏ်ဆာ အပြုံးကြီးနဲ့ ရိပေါ်ဟာ
အနား မကပ်တဲ့ ရှောင်းကျန့် ကို
မရရအောင် မြူစွယ်နေပါတော့တယ်၊၊" ငြိမ်ငြိမ်နေ ကလေးရာ... နောက်တော့
မခံနိုင်ဘဲ ကိုယ်စိတ်ပါလာရင် မလွယ်ဘူးနော် "
![](https://img.wattpad.com/cover/220130339-288-k146549.jpg)
ESTÁS LEYENDO
အမွှေစိန်လေးရဲ့ ချစ်သူ [[ Completed ]]
Fanficကျတော် ကောင်လေးက အဆိုးလေးဗျ သူမွှေသမျှ လိုက်ရှင်းရတာ