/52/

4.9K 441 14
                                    

Zawgyi

ရှောင်းကျန့် နဲ့ ရိပေါ် အခန်းခွဲအိပ်နေရလေပြီ၊၊
တရားခံကတော့ ရှောင်းမားပါ၊၊ ရိပေါ်က ကလေးတွေ ထားတဲ့ အခန်းနား သွားအိပ်ပြီး ရှောင်းကျန့် ကတော့ နှစ်ဦးသား အတူအိပ်ခဲ့တဲ့ မင်္ဂလာဦး ကုတင်ကြီးပေါ်တွင် လှဲနေကာ သက်ပြင်းတွေ ခဏခဏ ချနေမိသည်၊၊ ချစ်လွန်းလို့ ခဏလေးတောင် မခွဲချင်ပါဘူး ဆိုမှ မားကလေ သိပ်ရက်စက်တာ၊၊

" ဟူး..."

နဖူးပေါ် လက်တင်ကာ လည်တဆန့်ဆန့် ဖြစ်နေတဲ့ ရှောင်းကျန့်...၊၊ အချိန်ကလည်း ည၁၂နာရီ... မားတို့များ ရောက်လာကတည်းက သူများ အတွဲ ခွဲဖို့ ကြံနေတာ၊၊ လွမ်းလိုက်တာ အချစ်ရာ....၊၊

ဘေးနားက ရိပေါ် ခေါင်းအုံး လေးကို ထွေးပိုက်ကာ ထင်ကျန်နေခဲ့သော သူ၏ ကိုယ်သင်းရနံ့လေးကို မြတ်နိုးစွာ ရှုရှိုက်ရင်း ထွေးပွေ့ထားမိသည်၊၊ ညတာ ရှည်တဲ့ နေ့တစ်နေ့ပါပဲလား၊၊

ရိပေါ်ကတော့ ပုခက်ထဲက သားငယ်လေးတွေကို ကြည့်ပြီး သူလည်း အိပ်စက်လိုက်သည်၊၊ တစ်ဖက်ခန်းက ကိုကို ဘယ်လိုနေမလဲတော့ မသိ၊၊ မားပြောတုန်းက ရှုံတွသွားတဲ့ မျက်နှာလေးက မျက်လုံးထဲက မထွက်၊၊ တစ်ခါတစ်လေ သူ့ယောက်ျား ကလေးဆန်တာ သူအသိဆုံး....၊၊

ဘာမှ မတွေးတော့ဘဲ အိပ်ပစ်လိုက်သည်၊၊ တစ်နေ့လုံး ကလေးထိန်းနေရတော့ ပင်ပန်း နုံးချိလာကာ ခေါင်းအုံး ပေါ် ခေါင်းချမိတာနဲ့ လူက မှေးကနဲ အိပ်ချင်လာတော့ အိပ်ပစ်လိုက်သည်၊၊

" အူးဝါး အဲ့... အီး "

ကလေးငိုသံကြောင့် အိပ်ချင်နေတဲ့ မျက်လုံးတွေကို အသာဖွင့်ကာ ထဖို့ ကြံတော့ ပုခက်ဘေးတွင် သားလေးကို ချော့မြူနေသော လင်တော်မောင်၊၊

" ကိုကို "

" အချစ် "

" မအိပ်သေးဘူးလား ဝှား ...."

" အိပ်မပျော်ဘူး၊၊ နောက်ပြီး အငယ်လေးက ငိုနေလို့ ထကြည့်တာ "

" ဝှား... အာ့ဆို ကိုကိုပဲ လုပ်လိုက်နော်... ကျွန်တော် အိပ်ချင်နေပြီ "

" အချစ်လည်း ပင်ပန်းနေရော့ပေါ့.. အိပ်တော့လေ "

ရိပေါ် ဘာမှ မပြောတော့ဘဲ မျက်လုံးတွေ မှိတ်ပစ်လိုက်သည်၊၊ ရှောင်းကျန့် လည်း လမ်းခင်းပေးသော အငယ်လေးကို ချစ်လို့မဆုံး....၊၊

အမွှေစိန်လေးရဲ့ ချစ်သူ [[ Completed ]]Donde viven las historias. Descúbrelo ahora