/2/

18.1K 1.5K 45
                                    

[ Unicode ]

အမွှေစိန်လေးရဲ့ ချစ်သူ
အပိုင်း၂

ရိပေါ်တစ်ယောက် ဆိုင်ကယ်ယူကာ
ကျောင်းသွားဖို့ပြင်လေသည်၊၊

"ဟေ့ကောင် ...,, ဒါက ဘယ်လဲ"

"သား ကျောင်းသွားမလို့လေ"

"မင်းဖင်နာနေတာမလား....သေချင်လို့လား
သွား အခုချက်ချင်း ဒရိုင်ဘာလိုက်ပို့လိမ့်မယ်"

"ဟာ ကားမစီးချင်ပါဘူး
ပျင်းစရာကြီး.....ဆိုင်ကယ်ပဲ စီးချင်တာ"

"ပြောလေ ကဲလေပါလား
ငါ့စကားကို အာခံတာ မကြိုက်ဘူးနော်"

"အင်း ပြီးရော့........"

ရိပေါ် စိတ်ညစ်ညစ်နဲ့ ဒရိုင်ဘာဦးလေး
ဖွင့်ပေးတဲ့ ကားထဲ ဝင်ကာ နှုတ်သီးဆူနေသည်၊၊

*ချီးလိုပဲ....ဘာတစ်ခုမှ အဆင်မပြေဘူး
ဟွန့် ....*

ဝမ်အိမ်တော်၏ ကားလေးက တရွေ့ရွေ့
မောင်းသွားလေပြီ....
ကားပေါ်မှာ စူပုတ်နေတဲ့ ကောင်လေးကလည်း မစီးချင်ဘူးသာ ပြောတာ
ကျောင်းမရောက်မချင်း ဂိမ်းဆော့ကာ
လိုက်လာလေသည်၊၊

ဒုန်း ဘုန်း ဟာ
ကားလေးက ရှေ့ကား တစ်စီးကို နောက်က ဝင်တိုးမိလေသည်၊၊

"ဟာ ကျစ် ..."

"ဘာဖြစ်သွားသေးလဲ လူလေး"

"ကျတော် ဘာမှ မဖြစ်ဘူး ဦးလေး
တောက် ဟိုကားကွာ လမ်းလယ်ခေါင်မှာ
သေချင်လို့ ရပ်ထားတာလား"

ရိပေါ် ခါးပတ်ကို ဖြုတ်ကာ ကားထဲကထွက်ပြီး ထိုအနီရောင် ကားဆီသို့
ခြေလှမ်းတွေ ဦးတည်လိုက်သည်၊၊

"ဟေ့ ဒေါက် ဒေါက်"

ကားမှန်တံခါးလေးကို လက်ဆစ်နဲ့ ခေါက်လိုက်တော့ မြင်လိုက်ရတဲ့ မျက်နှာကြီး...

"ဘာကိစ္စလဲ ...."

*လေသံမာလှချည်လား.....တလောကလုံး သူလုပ်စာ ထိုင်စားနေရတဲ့ အတိုင်းပဲ
ရုပ်ကိုက ခွေးချေးနင်းထားတဲ့ ရုပ်နဲ့
ဒါပေမဲ့ ခင်ဗျားကြီးက ချောတယ်*

ရှောင်းကျန့် သူကို ကြည့်ကာ နှုတ်ခမ်းကို မဲ့လိုက် ကွေးလိုက်လုပ်နေတဲ့ ဆံဝါလေးကို
အသဲယားလာ၏ ၊၊

အမွှေစိန်လေးရဲ့ ချစ်သူ [[ Completed ]]Where stories live. Discover now