/27/

7K 617 30
                                    

[ Zawgyi ]

မြန်မာပြည်ကို ခရီးထွက်ရမဲ့ ချစ်သူ့ကောင်လေးကို စိတ်မချဖြစ်နေတာ ရှောင်းကျန့် ပါလေ၊၊ နောက်ကနေ တောက်တဲ့လေးလို တစ်ကပ်ကပ်နဲ့ သွားလေရာ လိုက်ရှာသည်၊၊

ဒါသာ တည်ငြိမ်တဲ့ CEOကြီးလား၊၊ ရိပေါ် ရေချိုး၊ ထမင်းစား၊ အိမ်သာတက်တာကအစ နောက်ကနေ တစ်ကောက်ကောက် လိုက်နေရှာတာ၊၊ ဒီ လူကြီးဆိုးလေးကို ဘယ်လိုလုပ်ရမလဲ ၊၊ ကိုကိုရာ ဆိုးလိုက်တာ၊၊

"ကိုကို "

"ကလေးရာ မသွားဘဲ နေလိုက်ပါ့လား၊၊"

"မသွားလို့မှ မရတာ ကိုကိုရ၊၊ ကျွန်တော် က ကျောင်းကိစ္စကြောင့် သွားရတာလေ၊၊ နောက်ပြီး မြန်မာပြည်လဲ သွားလည်ချင်တယ်၊၊ ကိုကို သိမှာပါ၊၊ မြန်မာဟာ တခြားသော နိုင်ငံတွေထက် သာသနာ ထွန်းကားရုံမကဘူး၊၊ မြို့နယ်၊ ပြည်နယ်၊ တိုင်းဒေသကြီး၊ ကျေးလက်တောရွာက အစ သူ့နေရာနဲ့ အတူ အကန့်အသတ် နဲ့...၊၊ မြန်မာ ယဉ်ကျေးမှုကလည်း လေးစားစရာ ကောင်းတယ်လေ၊၊"

"ကလေးက ဒါတွေ ဘယ်လိုသိတာတုန်း"

"သိတာပေါ့၊၊ ဝမ်ရိပေါ်လေ မသိဘဲနေမလား၊၊ "

"ကိုကို မှ မသိတာ၊၊ အချစ်လေးနဲ့ တစ်စက္ကန့်တောင် မဝေးချင်ဘူး၊၊ "

"ကိုကို ကလည်း ပိုပြီ၊၊ ကျွန်တော် လည်း မဝေးချင်ပါဘူးလို့..."

ခါးကို တင်းတင်းကျပ်ကျပ်ဖက်ထားတဲ့ ကိုကိုဟာ ကလေးဆိုးကြီးလိုပဲ၊၊ ရိပေါ် အတင်းကပ်ချွဲနေတဲ့ လူကြီးဆိုးလေးကြောင့် အောက်နှုတ်ခမ်းလေးကို ဖိကိုက်ကာ ပြုံးယောင်သမ်းနေမိတယ်၊၊ ပါးနဲ့ မားတောင် စိတ်ချလက်ချ လွှတ်တာ ချစ်သူ ကကျ စိတ်မချဘူးတဲ့လား၊၊ ဝွန်း... ကျွန်တော် တစ်ဘဝလုံး ခင်ဗျား ပိုင်နေပြီပဲ၊၊ အရာအားလုံးကို စိတ်ချသင့်နေပါပြီ လူကြီးဆိုးလေးရာ..၊၊

🍼🍼🍼

"ဟောက်ရွှမ်း ဟိုရောက်ရင် ဖုန်းဆက်နော်၊၊ လိမ်လိမ်မာမာနေ ကြားလား၊၊ "

"သိပါတယ်ဆို.. ခဏခဏ ပြောနေတာပဲ၊၊ လူကိုများ ပြဿနာကောင် မှတ်နေလား၊၊"

"မင်းအကြောင်း မသိတာ ကြလို့...၊၊ အမြဲ ပေတေနေပြီးတော့၊၊ ဆေးလိပ်တွေ မသောက်နဲ့နော်၊၊ မဟုတ်ရင် မင်းရှိတဲ့ မြို့ထိ လိုက်လာပြီး ဆုံးမမှာ"

အမွှေစိန်လေးရဲ့ ချစ်သူ [[ Completed ]]Where stories live. Discover now