[ Zawgyi ]
ကျောင်းဖွင့်ပြီးမို့ ဆောက်လုပ်ရေးဆိုင်ရာ၊ ကွင်းဆင်းလေ့လာဖို့ ပြင်ဆင်ရပြန်သည်၊၊ လုပ်ငန်း အတွေ့အကြုံ ရှိဖို့က ဘာသာရပ်၏ အခြေခံပင်၊၊ ရိပေါ် အခုတစ်လော Project ကိစ္စ နဲ့ ရှောင်းကျန့် နဲ့ မတွေ့ရတာ ကြာပြီ၊၊
မြန်မြန် လက်စသတ် ပြီး ချစ်သူ ရင်ခွင်ကြီးထဲ ခိုဝင်ချင်တယ်၊၊အင်ဂျင်နီယာ ကျောင်းသားလေးမို့ ဗိသုကာ ပညာက အရေးအကြီးဆုံးပင်၊၊ ဆွဲလက်စ ပုံကို လက်စသတ်ကာ ဘယ်ညာ အကြောဆန့်ရင်း ဖုန်းထုတ်လိုက်သည်၊၊ we chatက တက်လာတဲ့ notiတွေက တခြားသူဆီက မဟုတ်၊၊ သူ့ချစ်သူ ရှောင်းကျန့် ဆီကပင်၊၊
နှုတ်ခမ်းလေးတွေ ကွေးတက်အောင် ပြုံးရင်း ဖုန်းကိုင်ကာ အိပ်ရာပေါ် လှဲချရင်း မတွေ့ရတဲ့ အတောအတွင်း အလွမ်းသယ်လိုက်ကြသည်၊၊
"လွမ်းလိုက်တာ. ကလေးရာ ၊၊ မအားဘူးလား၊၊ "
"အွန်း ဆရာက လုပ်ငန်းကို အစမ်းလုပ်ခိုင်းနေတယ်၊၊ ပရောဂျက် ရေးဆွဲနေတာ၊၊ ကိုကိုရော အခုတလော တအားပိန်နေတာပဲ၊၊ "
"အွန်း ကိုကို အနားမှာ ကလေးမှ မရှိဘဲ၊၊
ကလေးရဲ့ ကိုယ်သင်းရနံ့လေး၊ စကားသံလေး၊ မျက်နှာနုနုလေး၊ နီရဲနေတဲ့ နှုတ်ခမ်းလေး၊ ရှိရှိသမျှ အကုန်လုံး လွမ်းနေတာ၊၊ ကိုကို အားပျက်နပြီ""ဟမ် ဘယ်လိုဖြစ်ပြီး အားပျက်..."
"ကလေးရဲ့ ချိုချိုမှ မစို့ရတာ၊၊ အားတွေ ကုန်နေပြီ၊၊ "
"ဘောပဲ၊၊ "
"အင်း အဲ့ဘောလဲ လွမ်းတယ် "
" ရှောင်းကျန့်... ခင်ဗျားနော် အကျင့်ကိုက "
VCခေါ်ရင်း နှုတ်ခမ်းစူနေတဲ့ ကောင်လေးကို ကြည့်ပြီး အူတွေ အသဲတွေ တယားယား၊ မတွေ့ရလို့ ထင်ပါရဲ့၊၊ ဖြူလုံးလေးက ပို၍ ဖြူကာ ပါးဖောင်းနေ၏၊၊
"ဘာကြည့်တာလဲ၊၊ "
" ကိုယ်ချစ်သူ မျက်နှာလေး ကြည့်တာပဲဟာ၊၊ ကလေးကလည်း တွန့်တိုလိုက်တာ၊၊ "
"အပိုတွေ ပြောမနေနဲ့၊၊ နှစ်ရက် သုံးရက် မတွေ့ရတာ အကဲပိုနေတယ်၊၊ လွမ်းရင် လာတွေ့ပါ့လား၊၊ အရိပ်တောင် လာမပြတဲ့သူကများ ဟွန့်..."
![](https://img.wattpad.com/cover/220130339-288-k146549.jpg)
YOU ARE READING
အမွှေစိန်လေးရဲ့ ချစ်သူ [[ Completed ]]
Fanfictionကျတော် ကောင်လေးက အဆိုးလေးဗျ သူမွှေသမျှ လိုက်ရှင်းရတာ