/13/

12.5K 981 10
                                    

[ Unicode ]

အမွှေစိန်လေးရဲ့ ချစ်သူ
အပိုင်း၁၃

"ဝမ်ချင် ညည်း မောင်ရော အဆင်ပြေရဲ့လား"

"ပြေမှာပါ ပါးရယ်....ရှောင်းကျန့် တစ်ယောက်လုံး ရှိတာပဲ....စိတ်ပူစရာ မလိုပါဘူး
ပါးသားသာ ဂြိုလ်မွှေဦးမလား မသိဘူး"

"သူကို အလိုလိုက်တာ နင်တို့ သားအမိလေ
ဆိုလေသဲလေ မန်းလေပြဲလေ တဲ့ ဒင်းက တော်တော် ဆိုးတဲ့ကောင်...."

"ဖေကြီး ရှင်နော် ကျုပ်သားကို ပြစ်ပြစ်နှစ်နှစ် ပြောစရာ မလိုဘူး....ဒီကလေးက ရှင်ကလေးနော်.....ပြောလိုက်ရင် ချိုသာတယ် မရှိဘူး....."

"မိန်းမရာ....ငါသိပါတယ်ကွ၊၊ မင်းသား ထိရင် ဆတ်ဆတ်ကို အထိမခံဘူး..."

"အို...ကျုပ်ဝမ်းနဲ့ လွယ်မွေးထားတဲ့ သားပဲ
ကိုယ်သားသမီး အရင်းကို ဒီလို ပြောတော့ မိခင် ဖြစ်တဲ့ ကျုပ်အသားနာသလိုပဲ..."

"အေးပါ....တော်တော်သဲ...."

"ဟွန့်...."

ဝမ်ချင်ကတော့ ပါးနှင့်မား ပြောသမျှ နားထောင်ကာ ဇာတ်ပုနေ၏...ထိုအချိန် အနာဂတ် ခင်ပွန်းလောင်းဆီက ဖုန်းသံလေးကြောင့် ဝမ်ချင် အပျော်လွန်ကာ ထခုန်လေ၏၊၊
ပါးနှင့်မားက မျက်မှောင့်ကြုတ် ကြည့်တာ မြင်မှ သွားဖြီးပြကာ ဖုန်းပြောဖို့ ထွက်သွားလေသည်၊၊

"အိမ်း....သမီးကြီးကလည်းလေ အနေအထိုင် မတတ်လိုက်တာ....မိန်းမတို့ ဣန္ဒြေ  ရွှေပေး၍ဝယ်မရ တဲ့....သားသမီး နှစ်ယောက်လုံး စပ်စပ်ကိုလူးလို့..."

"ရှင်မလည်းလေ....အရင်ကကျ သမီးကြီး သမီးကြီးနဲ့ ပါးစပ်ဖျားကကို မချဘူး
အခုမှ စောင်ခြုံထဲက လက်သီးပြနေတယ်"

"ဟေ....မိန်းမ မင်းကိုတော့ မနိုင်ဘူး...."

"အဟွန်း..."

"ဟဲလို မောင် ဘာလုပ်နေလဲ "

"မောင် အိမ်မှာလေ.....ချင်ချင်ရော ဘာလုပ်နေလဲ...မောင်လွမ်းနေပြီ"

"အို....မောင်ကလည်း တော်တော်သဲ...
အဟင်း မောင်လေး သတင်းကြားသေးလား"

"ဘာမှတော့ မကြားဘူး ချစ်ရယ်
ရှောင်းကျန့် ရှိတာပဲ မစိုးရိမ်ပါနဲ့..."

အမွှေစိန်လေးရဲ့ ချစ်သူ [[ Completed ]]Where stories live. Discover now