/19/

10.7K 819 10
                                    

[ Unicode ]

အမွှေစိန်လေးရဲ့ ချစ်သူ
အပိုင်း ၁၉

ဒီနေ့ပြီးရင် မနက်ဖြန် ပေကျင်း ပြန်ရတော့မယ်ဆိုတော့ ဒီနေ့ အပြတ် တစ်နေကုန် လည်ဖို့ ဆုံးဖြတ်ထားလေသည်.... အဖြူရောင် ရှပ်လက်ရှည်၊ စတိုင်နက်ဘောင်းဘီလေး၊ လည်ပုဝါ အနက်လေးနှင့် ရိပေါ်က ပို၍ပင် sexyကျနေ၏.....
ဂျင်းပြာနုရောင်နဲ့ ဂျင်းဘောင်းဘီ ဝတ်ဆင်ထားတဲ့ ရှောင်းကျန့် က ဆယ်ကျော်သက် လူငယ်လေး တစ်ယောက်လိုပင်......
ဘာဝတ်ဝတ် ကြည့်ကောင်းနေတဲ့ ရှောင်းကျန့် က ရိပေါ်၏ ဘယ်ဘတ်ရင်အုံ နှလုံသားတစ်နေရာမှာ နေရာယူထားဆဲပဲ......

"သွားစို့.... အီးပေ...."

"ခင်ဗျား နော်.... စောစောစီးစီး ငှက်ဆိုးထိုးသံနဲ့ တွေ့နေပါ့လား.... အဲ့လို ခေါ်နဲ့ ကြိုက်ဘူး.."

"ဟား....! စိတ်ကောက်တာလား.."

"ကောက်ရအောင် မိန်းမမှ မဟုတ်တာ...^"

"လောကမှာ မိန်းမတွေပဲ စိတ်ကောက်ခွင့်၊ စိတ်ဆိုးခွင့် ရှိတာမှ မဟုတ်တာ.... ကောက်ရင် ကောက်တယ်ပေါ့ မူမနေပါနဲ့...."

"ခင်ဗျား....တော်ပြီ,..."

ရိပေါ် ဆူအောင့်အောင့်နှင့် ထွက်သွားလေသည်,..
ရှောင်းကျန့် က ပြုံးစိစိ... ဒီနေ့ သူကောင်လေးက အရမ်းကို cuteနေတာ....နှာဘူးမတွေ ငမ်းမှာ စိုးရိမ်မိတာ အမှန်ပဲ....၊၊

မွတ်သိပ်စွာ သီးနေတဲ့ စပျစ်သီး အစိမ်းလုံးတွေက ရိပေါ်၏ အာဟာရ ဝမ်းတွင်းကြီး.... စပျစ်သီးကို သိပ်ကြိုက်တာ.... လျှောက်လည်ရင်း စပျစ်ခြံဘက် အလည်ရောက်လာခြင်းပင်....

"စပျစ်သီး ကြိုက်လား..."

"အွန်း ကြိုက်တယ်...."

"စပျစ်သီးက စိုက်ပျိုးရတာ အခက်ဆုံးပဲတဲ့
သူက အပူအအေးလည်း မျှတရမယ်
စိုက်ရမဲ့နေရာလည်း ကောင်းရတယ်... စပျစ်သီးက အတော် ထိန်းချုပ်ရခက်တယ်တဲ့....
မင်းလိုပဲလေ....ထိန်းရခက်တာ..."

"ဘယ်မှာ ဆိုးသွမ်းနေလို့လဲ... လျှာအရိုးရှိတိုင်း လျှောက်မပြောနဲ့...."

"ဟား..... မနောက်ဘူး တကယ်ပြောနေတာ..."

"ဟွန့်...."

အမွှေစိန်လေးရဲ့ ချစ်သူ [[ Completed ]]Where stories live. Discover now