/8/

13.6K 1.2K 27
                                    

[ Unicode ]

အမွှေစိန်လေးရဲ့ ချစ်သူ
အပိုင်း၈

ရှောင်းကျန့် ဆေးရုံတက်ရတာ ရိပေါ် ပယောဂကြောင့်ပင်...ကုတင်ပေါ်တွင် ဖြူဖက်နေတဲ့ မျက်နှာလေး မြင်တော့ စိတ်မကောင်းဘူး......ရိပေါ် ရှောင်းကျန့် လက်လေးကို ကိုင်လိုက်သည်၊၊ ခဏကြာရှောင်းကျန့် မျက်ခွံမို့မို့လေးတွေ လှုပ်ရှားလာသည်၊၊

"လူကြီး သက်သာလား
ဆရာဝန် ခေါ်ပေးရမလား"

ထွက်သွားတော့မဲ့ ရိပေါ် လက်လေးကို ဆွဲကာ ခေါင်းယမ်းလိုက်လေသည်၊၊ စိုးရိမ်နေတဲ့ မျက်ဝန်း လေး မြင်တော့ ရင်ထဲက ကြည်နူးသွားတာ အမှန်ပင်.......၊၊

"ဘယ်မှ မသွားဘဲ ကိုယ်အနားပဲ နေပေးပါကွာ...."

" အွန်း.....နေချင်လို့ နေတာ မဟုတ်ဘူးနော်....ခင်ဗျားကို သနားလို့...."

ရှောင်းကျန့် ဘာစကားမှမဆိုပေ၊၊ ပြုံးပြုံးကြီး ရိပေါ်ကို ကြည့်နေလိုက်သည်၊၊
ရိပေါ် သူကို ကြည့်နေတဲ့ ရှောင်းကျန့် ကြောင့် အနေရခက်လာကာ

"ဘာလို့ ကြည့်နေတာလဲ...."

"ဘာလဲ..!ရှက်လို့လား"

"ဘာ ကိစ္စ ရှက်ရမှာလဲ....ရှက်ရအောင် မိန်းမမှ မဟုတ်တာ.....ရှက်တဲ့အလုပ် ရိပေါ်မလုပ် လုပ်ရင် ရိပေါ် မဟုတ်...."

"ရိပေါ် ကလေးလေး ဘာစားပြီးပြီလဲ"

"ဟင့်အင်း .,,.. ခင်ဗျားရော ဆာနေမှာပေါ့
ဘာစားမလဲ....."

"ဝမ်မုန်လာဥလေးကို စားချင်တာ"

"စားချင် စားလေ....အမ်...."

နောက်မှ သတိရသွားသလို ပါးစပ်ကို လက်နှင့် ကာလိုက်လေသည်၊၊

"တကယ်ပြောတာလား"

" မဟုတ်........"

ရှောင်းကျန့် ရိပေါ်လက်လေးကို ဆွဲကာ
ကုတင်ပေါ် ထိုင်စေသည်၊၊ ထို့နောက်
မျက်နှာအနှံ့ လက်ချောင်းတွေနဲ့ ထိတွေ့ကာ

"မင်းရဲ့ အစိတ်အပိုင်း အားလုံးကို မြတ်နိုးလိုက်တာ......."

လှိုက်မောသံစွတ်ကာ ပြောနေသော ရှောင်းကျန့် ကြောင့် ရင်ခုန်သွားတာ အမှန်ပင်
နီးကပ်နေတဲ့ ခန္ဓာ နှစ်ခုကြား လေဝင်မရအောင် ရှောင်းကျန့် ရိပေါ် lipလေးကို မြတ်နိုးစွာ စားသောက်နေလေသည်၊၊

အမွှေစိန်လေးရဲ့ ချစ်သူ [[ Completed ]]Where stories live. Discover now