/9/

13.7K 1.1K 21
                                    

[ Unicode ]

အမွှေစိန်လေးရဲ့ ချစ်သူ
အပိုင်း၉

ဒီနေ့က Sunday........
ဝမ်ဟောက်ရွှမ်းနှင့် ချိန်းထားသောကြောင့် ရိပေါ် တစ်ယောက် ဆိုင်ကယ်တစ်စီးနှင့်
ဟောက်ရွှမ်းဆီ သွားလေသည်၊၊

ဆုံနေကြနေရာလေးတွင် အဝါရောင် hoodieကြီးနှင့် ဟောက်ရွှမ်းက အအေးခွက်ကို ပိုက်နှင့် စုပ်ကာ စုပ်ကာ သောက်နေ၏
ထိုအခြင်းအရာ မြင်တော့ လူကြီး၏
ချိုချို စို့သွားတာကို မျက်လုံးထဲ မြင်ယောင်လာလေသည်၊

"လခွမ်း ...! ချီးပဲ
ဒီလူကြီး သွားလေရာ မေတ္တာ ပို့နေလား မသိဘူး.....ဒင်းမျက်ခွက်က နေရာတကာ ပေါ်ပေါ်လာတာ....shit!!!!!!

"ဝမ်ကြီး လာလေကွာ ဆိုင်ရှေ့ မတ်တပ်ရပ်နေတာ .... သူစိမ်း မြင်ရင် အစာမျှော်နေတဲ့ ခွေးလေး ထင်နေလိမ့်မယ်..."

ဆိုင်ထဲက ဟောက်ရွှမ်း၏ လေအောသံကြောင့် အချို့က ကွက်ကြည့်ကြည့်သွားလေသည်၊၊ ရိပေါ် ဟောက်ရွှမ်းကို လက်သီးဆုပ် ပြကာ ဆိုင်ထဲ ဝင်ထိုင်လေသည်၊၊

"မတွေ့တာ ကြာပြီ သားကြီး
အဆင်ပြေလား.....မင်း အလုပ်လုပ်နေတယ်ဆို ဟုတ်လား"

"အေး......ငါမလုပ်ချင်ပေမဲ့ ပါးက အတင်းခိုင်းတော့ ပါး ပါးစပ်ညောင်းမှာ စိုးလို့ လုပ်တာ"

"ဟား ဟား !!!! ငါကြားတာတော့
ရှောင်သူဌေးနဲ့ မင်းက လူသိမခံတဲ့ ဆက်ဆံရေးမျိုးဆိုလား"

"မင်းကို ဘယ်သူပြောတာလဲ....ခွေးချီးစကားတွေ လာမပြောနဲ့၊၊
ငါလိုကောင်က ယောက်ျားခြင်း ကြိုက်စရာလား......ပြောရအောင်လည်း ချစ်သူလိုတော့ မဟုတ်ဘူး .....သူက ချစ်တယ်မှ မပြောဖူးတာ"

"မင်းပြောချင်တာက ရှောင်သူဌေးက ချစ်တယ် ပြောရင် မင်းက ခေါင်းငြိမ့်မယ်ဆိုတဲ့ သဘောလား"

"အေး....! ဟမ် ငြိမ့်စရာလား...."

"ဟား ဟားဟား လိမ်မနေနဲ့ပါနဲ့ ငဝမ်ရာ

"ရီမနေနဲ့"

"တိတ်စမ်း...! အသံဆိုးကြီးနဲ့ "

ရိပေါ်နှင့် ဟောက်ရွှမ်း ထွေရာလေးပါး ပြောနေရင်း ဆိုင်ရှေ့မှာ လူကြီးလက်ကို ချိတ်ကာ ဆိုင်ကယ်ဘီးလောက်ရှိသည့် ရင်ဘတ်ကြီးနဲ့ ကော့ကာကော့ကာ လျှောက်လာတဲ့ ခရမ်းရောင် ဆံပင်နဲ့ မိန်းမကြီး....

အမွှေစိန်လေးရဲ့ ချစ်သူ [[ Completed ]]Where stories live. Discover now