/41/

6K 507 11
                                    

Zawgyi

ဝမ်ရိပေါ် ကိုယ်ဝန်ဆောင်ရတယ်ဆိုတော့
မိဘတွေ အံ့အားသင့်ကာ ဝမ်းသာလုံးဆို့ရပေမဲ
သမက်ကြီး ကျိုးချန် ဆေးရုံရောက်မှုကြောင့်
ပါးက အံတကြိတ်ကြိတ်နဲ့ ဆူတယ်၊၊

မားမားကလဲ ဝင်မပြောဘူး၊၊ အထူးသဖြင့် မမပေါ့၊၊
သူ့လင်လေး တစ်ခါဆေးရုံတက်ရပါတယ်၊၊
ဖြစ်ပျက်နေလိုက်တာ သေတော့မဲ့ လင်ကို
အပူတပိုင်း ပြေးကြည့်နေရသကဲ့သို့ပင်၊၊

ရိပေါ် တစ်ယောက် ဝမ်ချင်ကျဲ လက်မောင်းလေးကို
ကိုင်ကာ မျက်နှာငယ်လေးနဲ့ နှုတ်ခမ်းစူပြတယ်၊၊
သဘောက ခွင့်လွှတ်ပေးပါ မမ ဆိုတဲ့ အထာနဲ့၊၊
ဝမ်ချင်မှာလဲ တစ်ဖက်က တစ်ဦးတည်းသော
မောင်လေးကို စိတ်ဆိုးရမလိုလိုနဲ့ မောင်အတွက်လဲ
ရင်ထဲမကောင်းဘူး၊၊ ဆေးငါးလုံး ချိတ်ထားတာ
တောင် အခုထိ သတိမလည်သေး၊၊

" ဝမ်ချင်ရာ ငါ့ကလေးက ရည်ရွယ်ချက် ရှိရှိ
လုပ်တာ မဟုတ်ပါဘူး ၊၊ မတော်တဆပါ"

" သြော် နင့်လင်က ငါ့မောင်ပါ၊၊ ငါမောင့်ကို
ငါ့ကြိုက်သလောက်ဆူခွင့်၊ အော်ခွင့်. ရိုက်ခွင့်
ရှိတယ်၊၊ နင်က အခုထိ အိမ်ထောင်စုဇယားထဲ
ပါမလာသေးဘူး၊၊ သိပ်ဖြစ်ပျက်မနေနဲ့၊၊ "

" အေး ရိပေါ်က နင့်မောင်ဆို ငါကလဲ
နင့်မောင် ဗိုက်ထဲက ကလေး အဖေပဲ၊၊
ငါ့ကလေးထိရင် နင်အသေပဲ၊၊ "

ဝမ်ချင် အောက်နှုတ်ခမ်းကို ကိုက်ကာ သူမကို
ကတ်ကတ်လန် ရန်တွေ့နေတဲ့ ရှောင်းကျန့်
ကျောကို တဘုန်းဘုန်း လိုက်ရိုက်သည်၊၊

" ဟေ့ နင် လူနာကို ကိုယ်ထိလက်ရောက်
ကျူးလွန်မှုနဲ့ ထောင်ကျမယ်နော် "

" အောင်မာ ဘာလူနာလဲ၊၊ ဒီပုံစံကသာ
လူနာတဲ့လား၊၊ ငါရိုက်လိုက်ရ အတိတ်ပါမေ့သွားမယ်၊၊
နင်မှတ်ထား ငါ့က ဒေါက်တာနော် အဟွန်း "

" မမ သားတောင်းပန်ပါတယ်နော်၊၊ ကိုကို ကိုလဲ
မရိုက်ပါနဲ့၊၊ ယောက်ဖကြီးကိုလဲ တမင် ရည်ရွယ်
လုပ်တာ မဟုတ်ပါဘူး၊၊ သူဘာသာ လာပြီး
ငတ်ကြီးကျသွားတာ "

" တယ် ခေါက်လိုက်ရ သွား
ကောင်းကျိုး မပေးတဲ့ လင်လင်တွေ ကြွဟေ့ ကြွ "

အမွှေစိန်လေးရဲ့ ချစ်သူ [[ Completed ]]Where stories live. Discover now