/15/

11.4K 896 43
                                    

[ Unicode ]

အမွှေစိန်လေးရဲ့ ချစ်သူ
အပိုင်း၁၅

ရိပေါ် အခက်တွေ့နေလေပြီ....အကြောင်းမှာ ရှောင်းကျန့် စိတ်ဆိုးနေသောကြောင့်ပင်.... ပွတ်ချိတ်ကိုက်လို့ ဆိုပြီး ရှောင်းကျန့် ရှေ့သွား အလှပြရင်း သူမျက်နှာ တည့်တည့် ခွေးသေးပန်းသလို ပန်းမိသွား၍ အသန့်အပြန့် ကြိုက်သူ လူပျိုကြီးက စိတ်ဆိုးနေလေပြီ၊၊
ရိပေါ်လည်း Google မှာ လူကြီးတွေ စိတ်ကောက်ရင် ဘယ်လို ချော့ရမလဲ ဆိုတာ နှိုက်   မြည်းလေပြီ ၊၊

ရှောင်းကျန့် ရိပေါ်၏ နံစော်စော်သေးတွေက သူရဲ့ အဖိုးတန် ရွှေမျက်နှာလေးကို လာထိတော့ စိတ်တွေတိုနေလေ၏....နဂိုထဲက အသန့်ကြိုက်သူမို့ ညစ်ပတ်သူနှင့် ကင်းကင်းရှောင်သူဖြစ်၏....ရိပေါ်ကတော့ သူနှင့် ပြဒါး တစ်လမ်း သံတစ်လမ်း ဖြစ်နေလေသည်၊၊
ရေချိုးခန်းထဲတွင် ၂နာရီကြာ ရေစိမ်နေရလေပြီ....
ရိပေါ် အခန်းရှေ့ ခေါက်တုံ့ခေါက်ပြန်လျှောက်ကာ အကြံထုတ်နေ၏၊၊

*တောက် ...! အဘိုးကြီး ရေချိုးတာ ကြာလိုက်တာ...အရေးကောင်း ရေဇလားထဲ သေနေလား မသိဘူး....ထွက်ကို မလာသေးဘူး...ဒါလေး ဖြစ်တာကို ဖြစ်ပျက်နေတာ ဇီဇာကြောင်တဲ့ နွားချီးတုံးကြီး....*

ကိုယ်တော်ချောက တပတ်ကို ပတ်လာကာ ရေချိုးခန်းထဲက ထွက်လာလေသည်၊၊
ရိပေါ်ကိုလည်း မကြည့်ဘူး...ရင်ထဲက ပန်းလေး ညိုးသွားတာအမှန်ပင်....
ရိပေါ် ပျစ်ချွဲတဲ့ အသံလေးနှင့်....

"ကိုကိုလို့  babe ကို စိတ်မဆိုးပါနဲ့နော်. ..
Babeတကယ် မရည်ရွယ်ပါဘူး......
ကိုကို စိတ်မကောက်ပါနဲ့တော့.....
ကိုကိုရေ babeကို ကြည့်ပါဦး..."

ရှောင်းကျန့် ရိပေါ်၏ ကိုကိုဆိုတဲ့ အသံကြောင့် ပျော်သွားပေမဲ့...အလွယ်တူတော့ စိတ်ဆိုးမပြေနိုင်ဘူး...လူပျိုကြီးလည်း မူရဦးမယ်လေ၊၊
ရိပေါ် အသံလေးကို လိုတာထက် နူးညံ့ပြီး လက်မောင်းလေးကို လက်လေးနဲ့ ယမ်းကာ ကိုင်ပြီး ချော့နေသော်လည်း ကိုယ်တော်ချောက အဖက်ပင် မလုပ်.....

"စိတ်ကောက်နေတဲ့သူ ဝက်ကလေးနဲ့တူ
စူနေတဲ့ နှုတ်ခမ်း ဝက်ဖင်ကိုနမ်း...
ယုန်ကလေးက နားရွက်ထောင်
ပညာရှိယောင်ဆောင်....
ကြောင်ကလေးက လက်သည်းဝှက်
ချောင်းလိုက်ရတဲ့ ကြွက်...
ရွှေဇီးကွက်ရဲ့ ဣနြေ္ဒ
ဘုရင်ကြီးလိုနေ
မိုးလေတွက်ကာ ဗေဒင်ဟော
တောက်တဲ့ ကိုလေပေါ
ပြောတိုင်းယုံတဲ့ ပုတ်သင်ညို
ခေါင်းညိတ်လှသကို...
ရွှေကျီးညို သာပါလှ
ဧည့်သည် လာပါစ..."

အမွှေစိန်လေးရဲ့ ချစ်သူ [[ Completed ]]Where stories live. Discover now