/37/

5.5K 542 18
                                    

Zawgyi

မြန်မာကနေ ပေကျင်းကို ပြန်ဖို့ ဒီနေ့
ထွက်လာလေသည်၊၊ ရင်ခွင်ထဲ ပါလာတဲ့
ရိပေါ်လေးဟာ ကွတကွတနဲ့ ရှောင်းကျန့် ကို
စိတ်ကောက်နေပါသည်၊၊

စိတ်ကောက်ရခြင်း အကြောင်းမှာ
အိပ်ရေးမဝတာရော၊ ရှောင်းကျန့်၏ မနေ့ညက
ရက်စက်မှုကြောင့် တင်ပါး နဲ့ ခါးက
အရိုးကြေအောင်နာနေသည်၊၊

စိတ်ကောက်ကောက်နဲ့ စကားမပြောဘဲ
နေလိုက်တယ်၊၊ ဘဲနာကြီး ခင်ဗျား
ချော့လဲ စိတ်ကောက်မပြေတော့ဘူး၊၊

လေယာဉ်ပေါ်မှာလဲ တစ်ချိန်လုံး တခူးခူး
ဟောက်ကာ အိပ်မောကျနေတဲ့ ခွေးပေါက်လေး
ပါးပြင်နုနုကို အနမ်းခြွေတော့ ရင်ဘတ်ကို
တံတောင်ဆစ်နဲ့ အတွယ်ခံလိုက်ရတယ်၊၊
သဘောက မထိနဲ့ စိတ်ကောက်နေသည် ပေါ့၊၊

ပေကျင်းလေဆိပ်ကို ညီအစ်ကို တော်ရမဲ့
ကျိုးချန် ခဲမရဲ့ ယောက်ျားက လာကြိုလေသည်၊၊
ရိပေါ်က ဘာမှမပြောဘဲ ဆူပုတ်ပုတ်နဲ့
ကားထဲတန်းဝင်တော့ ကျိုးချန်က
ဘာဖြစ်နေတာလဲ ဆိုတဲ့ အထာနဲ့
ပခုံချင်းတိုက်ကာ မေးဆတ်ပြသည်၊၊
ရှောင်းကျန့် ကတော့ မချိုမချဉ်ပြုံးပြလိုက်တယ်၊၊

" မား "

" အမလေး မားရဲ့ သားငယ်လေး
ပြန်လာပြီ၊၊ ကြည့်ပါဦး ဝက်ကလေးကျနေတာပဲ "

မားက ရိပေါ်၏ ခန္ဓာကိုယ် ကို တစ်ဘက်လှည့်
ကြည့်ကာ လုံးဝန်းနေတဲ့ မက်မွန်သီး ကို
လာညစ်တော့ မျက်လုံးပြူးရပြန်သည်၊၊

" ငါသား တင်ပါးတွေ ကိတ်လာလိုက်တာ၊၊
ငါ့ သမက်က တယ်စွမ်းသကိုး "

" မား "

ရိပေါ်တစ်ယောက် Vocal အသံကို
အော်ကျယ်ကာ ရှက်ရှက်နဲ့ အပေါ်ထပ်
ပြေးသွားသည်၊၊ ဒါတောင် နမော်နမဲ့ နဲ့
ခလုတ်တိုက်တော့မလို့...၊၊
အောက်က ကျန်ခဲ့သူများက ပြုံးစိစိ၊၊
ရှောင်းကျန့် ကတော့ ရှက်ရှက်နဲ့ လည်ဂုတ်ကို
နောက်ပြန် လက်လေးနဲ့ ပွတ်သပ်နေသည်၊၊

" သမက်ကြီး နဲ့ သမက်ငယ်ကို ပြိုင်တူ
ဆောင်ပေးလိုက်ရင် ကောင်းမလား "

" မား မောင်လေးက ငယ်သေးတယ်လေ "

" အော် ငါ့သမီးကြီးရယ်......
သမက်ရှောင်းနဲ့ သားငယ်က
Living Togetherတောင် လုပ်ပြီးပြီပဲ၊၊
ဒါမျိုးက လက်နှေးမရဘူးကွဲ့...၊၊
အချိန်ဆွဲ မနေဘဲ သားနဲ့ သမီးကို
တစ်ပြိုင်တည်း ဆောင်ပေးမယ် "

အမွှေစိန်လေးရဲ့ ချစ်သူ [[ Completed ]]Where stories live. Discover now