/38/

5.6K 516 36
                                    

Zawgyi

" တောင်းပန်ပါတယ် ကလေး "

" တော်စမ်းပါ၊၊ ကော်ပလီပလာတာတွေ လာမပြောနဲ့၊၊
ခင်ဗျား နဲ့ ကျုပ် ပြတ်ပြီ "

" စိတ်လိုက်မာန်ပါ မလုပ်ပါနဲ့ ကလေးရာ
လက်ထပ်တော့မှာကို "

" မရှိခဲ့ဘူးလို့ပဲ သဘောထားလိုက်၊၊ ယတိပြတ်ပြီ၊၊
ရှောင်ရှောင်းကျန့် နဲ့ ဝမ်ရိပေါ် ရဲ့
လက်ထပ်ပွဲကို ဖျက်သိမ်းလိုက်ပါပြီ "

" တော်စမ်း ပေါက်ကရ မလုပ်နဲ့၊၊ ဘယ်နည်းနဲ့မှ
မဖျက်နိုင်ဘူး "

" ဒါ ခင်ဗျား အပိုင်း ကျုပ်နဲ့ မဆိုင်ဘူး၊၊
သိထားဖို့က ကျုပ်က မချစ်ရင် မချစ်ဘူး၊၊
ဆုံးဖြတ်ချက် ပြတ်သားတယ် ရှင်းလား "

ဘောင်းဘီ အိတ်ကပ်ထဲ လက်ထည့်ကာ
ကော့တော့ကော့တော့နဲ့ ထွက်သွားတဲ့
ရိပေါ်ကို ရှောင်းကျန့် ကြည့်ရင်း
သူ့အမှားလဲ မကင်းပေ၊၊

မနေ့ညက Bffတွေနဲ့ ဆုံတုန်း ကလပ်
တက်မိတာ စကီလေးတွေ တွေ့တော့
လက်မထပ်ခင် ခဏ ပျော်ပါးမယ်
ကြံနေတာ ဘယ်ဘဝ ရေစက်ဆိုးကြောင့်
ကြင်သူ သက်ထား သိသွားတော့
စောစောစီးစီး မိုးမီးလောင်လေသည်၊၊

" ကို ကိုကို ရေ ကယ်ပါဦး "

ဟမ် ငါ့ကလေး အသံပဲ၊၊ မဖြစ်နိုင်တာကွာ၊၊
ကလေးက ငါ့ကို လမ်းခွဲသွားပြီလေ၊၊

" ကိုကို ရှောင်းကျန့် ဘဲနာကြီး အီး ဟီး "

ဒီတစ်ခါ အသံက စိတ်ထင်တာ မဟုတ်၊၊
တကယ်ကြီး အသံလာရာဘက် စူးစိုက်ကြည့်တော့
ဆိုင်ကယ်ပေါ်မှာ အော်ငိုနေတဲ့ ကလေးလေး၊၊
ရှောင်းကျန့် ဆိုင်ကယ်နား အပြေးသွားလိုက်တယ်၊၊

" ဘာဖြစ်တာလဲ ကလေးလေး "

" ကိုကို ဘောင်းဘီ ဂွပြဲသွားပြီ ဟီးအီး "

ရိပေါ် လက်ညိုးထိုးပြရာ နေရာကြည့်တော့
တကယ်ကြီး ဘောင်းဘီ ဂွက ပြဲနေတာ၊၊
အနက်ရောင် Boxer လေးကလဲ
အထင်းသား မြင်နေရသည်၊၊
ရယ်ချင်စိတ်ကို မနည်းထိန်းလိုက်ရသည်၊၊

" ကိုကို အိမ်ထဲ လိုက်ခဲ့... သင့်တော်ရာ
ရှာပေးမယ် "

" အင်း "

အမွှေစိန်လေးရဲ့ ချစ်သူ [[ Completed ]]Where stories live. Discover now