/51/

5.2K 448 21
                                    

Zawgyi

နေသာသော နေ့တစ်နေ့....၊၊
လိုက်ကာစ ပြာနုလေးတွေကို ဆွဲဖွင့်လိုက်တာ့
မှန်ဘောင်ကနေ မြင်နေရသော ခြံထဲက နှင်းဆီပန်းရနံ့လေးတွေက ထုံသင်းမွှေးကြိုင်နေ၏၊၊
ဒီနေ့ ရှောင်းပါးနဲ့မား လာမှာမို့ ကိုကိုကလည်း အလုပ်မသွားပေ၊၊ ပါးနဲ့ မားကို အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ သွားကြိုလေသည်၊၊

ပုခက်လေးထဲက အမွှာလေးတွေကလည်း နှစ်ခြိုက်စွာ အိပ်မောကျနေ၏၊၊ ပါးဖောင်းဖောင်းလေးကို မွှေးကြူလိုက်သည်၊၊ ပြီးနောက် အောက်ထပ်ကို ဆင်းရဦးမည်၊၊ ရိပေါ်က ဘာမှ မချက်တတ်ပေ၊၊ ဗြုန်းစားကြီး လက်ထပ်ရတော့ အိမ်မှုကိစ္စ လဲ မလုပ်တတ်၊ ထို့ပြင် သူက ယောက်ျားသား တစ်ဦး ဖြစ်၍ မချက်ပြုတ်တတ်တာ မဆန်းပေ၊၊ အရင်နေ့တွေက ကိုကိုက ချက်ကျွေး၍ အဆင်ပြေနေပေမဲ့ ယောက္ခမ ရှေ့မှာတော့ အမှတ်ရချင်သည်၊၊

ဟူး..... လေပူတွေကို မှုတ်ထုတ်ကာ ဆံပင်တွေကို လက်ချောင်းနဲ့ ထိုးဖွကာ အောက်ထပ်ကို ဆင်းလာခဲ့သည်၊၊

မီးဖိုချောင် ထဲ ဝင်လိုက်တာနဲ့ ဘယ်ဟာကို စကိုင်ရမလဲ မသိတော့... ဟိုတစ်ခါက ယောက်ဖကြီး ဆေးခန်းတောင် တက်လိုက်ရသေးသည်၊၊ ထပ်လုပ်ရမှာလည်း ကြောက်နေသည်၊၊ ကံကောင်းတာလား၊ ကံဆိုးတာလားတော့ မသိပေ၊၊ ကားသံကြားတော့ အိမ်ရှေ့ကို အပြေးသွားရလေသည် ၊၊

ကျွီ.....
တီကနဲ ရပ်သွားတဲ့ ပြိုင်ကားလေးပေါ်က စမတ်ကျကျ ဆင်းလာသော သူ့၏ ခင်ပွန်း၊ သတ်လတ်ပိုင်း လူကြီးနှစ်ယောက်ကလည်း ခေါတ်ကာလနဲ့ အညီ ဝတ်ထားပုံက အသက်ကြီးတယ်လို့ပင် မထင်ရအောင် ပြင်တတ်ဆင်တတ်နေတာပဲ၊၊

" ပါး မား ရောက်လာပြီလား "

" အေးကွယ်... လာပါဦး မား သမက်လေး "

လက်လေးကို ဆန့်တန်းကာ မိမိကို ခေါ်နေသဖြင့် ရိပေါ်လဲ ကလေးလေး တစ်ယောက်လို မားရက်ခွင်ထဲ ဝင်ချွဲနေလိုက်သည်၊၊ ဘေးက ပါးကတော့ တပြုံးပြုံး၊၊

" အဟမ်း... ဖက်ထားတာ လွှတ်တော့လေ မား
သား ရဲ့ ကလေးကို တအားမဖက်နဲ့ "

ရှောင်းမား၏ မျက်စောင်းက ရှောင်းကျန့် ထံ ဒိုင်းကနဲ့...၊၊ ပိုကို ပိုတယ်ဆိုတဲ့ အကြည့်နဲ့ ကြည့်ပြီး မားက ရိပေါ်လေးကို ဆွဲကာ အိမ်ထဲ ဝင်သွားလေသည်၊၊ ပါးကလည်း ကားပေါ်က အထုတ်တွေ ဆွဲခဲ့ဆိုပြီး အမိန့်ပေးကာ အိမ်ထဲ ဝင်သွားလေသည်၊၊ ဒီသားနုနုထွက်ထွက်ကိုများ ခိုင်းနေလိုက်ကြတာ ဟွန့် .... ၊၊ ရှောင်းကျန့် လဲ ဆူအောင့်အောင့်နဲ့ အထုတ်တွေဆွဲလာရသည်၊၊

အမွှေစိန်လေးရဲ့ ချစ်သူ [[ Completed ]]Where stories live. Discover now