/18/

10.4K 838 15
                                    

[ Unicode ]

အမွှေစိန်လေးရဲ့ ချစ်သူ
အပိုင်း၁၈

လျှပ်တစ်ပြတ် လျှပ်စီးကြောင်းတွေ၊ ညိုမည်းနေတဲ့ တိမ်စိုင်တွေကြားက မိုးဝသန်က မာန်ဟုန်ပြင်းစွာ၊ အငြိုးကြီးစွာ ရွာချနေ၏၊၊ မှန်ပြတင်းက စီးကျနေတဲ့ မိုးစက်လေးတွေ....
ဒီလို မိုးရွာနေတဲ့ အချိန်မှာ ကော်ဖီလေးသောက်၊ စောင်ခြုံထဲကွေးကာ TVကြည့်ရတဲ့ အရသာက သိပ်မိုက်....
မိုးရွာချိန်ရောက်တိုင်း ပါးပါး အမြဲ နားထောင်နေတဲ့ မြန်မာ သီချင်းလေ၊၊

ဘာတဲ့ ကြာဖြူ၊ မိုးကို ချစ်သည် ဒါပေမဲ့ မုန်းသည် ၊ ဝါဆို သီချင်းတွေရော...
ကျတော် အဖေက မြန်မာပြည် သိန်းတန်ကျနေတာပဲ.... အရင်ဘဝက မြန်မာ လူမျိုးဖြစ်ပုံပဲ ၊၊
အခု ဒီဘဝမှာပါ မြန်မာ သီချင်းဆိုပုံ ထောက်ရင် သိကြားမင်းက ပါးကို တရုတ်နဲ့ မြန်မာ မှားမွေးခိုင်းလိုက်လား မသိပါဘူး....၊၊

🎵ငါက ဗိုလ်အောင်ဒင် နင်က ဒါကို မမြင် ငါ့အသည်းကို ခလုတ်တိုက်တယ် မိန်းကလေးရယ် မင်းမိုက်တယ်🎵

"လဒ ... သောက်ချီးပဲ ဘယ်က အောင်ဒင်တွေ ရောက်လာပါလိမ့်...."

သြော် တွေ့ပါပြီ.... တရားခံက ယုန်စုတ်ကြီး...
ဘယ်နှယ် နားထောင်နေတာ ဗိုလ်အောင်ဒင်နဲ့ မမြဝင်းတဲ့.... ဘယ်မိန်းမ တနေလဲ မသိဘူး

"ဒီမှာ ယုန်ကြီး.... အဲ့ သီချင်းပိတ်စမ်းပါ
နားငြီးလိုက်တာ... ဖွင့်ချင်တခြားဟာဖွင့်..."

"ဘာလို့လဲ ဝက်ပုပ်လေးရာ..."

"ပိတ်ဆို ပိတ်စမ်းပါ စကား များမနေနဲ့..."

ရှောင်းကျန့် လည်း ဘလိုင်းကြီး လာဒေါသထွက်နေတဲ့ ချာတိတ်ကြောင့် အဲ့သီချင်း ပိတ်ရလေ၏

🎵အို.......ဟေ့ ဟိုမှာလေ...
နေအရုဏ်ဦး ဖူးပွင့်လို့ ညများအဝေးကို....အမှောင် တိမ်လူဆိုး ကိုယ်ရောင်ကွယ်ကာညှိုး အချစ်စစ်ရဲ့ လမ်း အနမ်းပန်းဝေ🎵

တောက်!!! ဘယ်အမှောင် ကောင်မ နမ်းချင်နေလဲ မသိဘူး...

"လူကြီး အဲ့သီချင်းလည်း ပိတ်စမ်းပါ..."

"ကျစ်....ဒါဆို ကိုယ်က ဘာနားထောင်ရမလဲ...."

"မသိဘူးဗျာ.... ခင်ဗျားက မြန်မာ လူမျိုးလား
အဲ့သီချင်းတွေ နားထောင်နေတာ...."

အမွှေစိန်လေးရဲ့ ချစ်သူ [[ Completed ]]Donde viven las historias. Descúbrelo ahora