/3/

16.7K 1.3K 54
                                    

[ Unicode ]

အမွှေစိန်လေးရဲ့ ချစ်သူ
အပိုင်း၃

ဒီနေ့နဲ့ဆို ဟိုလူကြီးနဲ့ မတွေ့တာ သုံးရက် ကြာပြီ...
အဲ နေပါဦး....
တွေ့ရအောင် သူနဲ့ ငါက ရင်းမှမရင်းနှီးပဲ
တောက် မကျေနပ်ဘူး
အဘိုးကြီး သူကြောင့် ဖင်လည်းနာ၊ နှုတ်ခမ်းလည်းပေါက်တယ်၊

အဲ့နေ့က ကျောင်းမသွားဘဲ အလေလိုက်နေလို့ ပါးရဲ့ ကြိမ်စာမိသွား၏၊၊

"မောင်လေး ဘာလုပ်နေတာလဲ
တမှိုင်မှိုင်တတွေတွေနဲ့....အရင်လို မသွက်လက်တော့ဘူး....."

ခြံထဲက ဒန်းလေးပေါ်သို့ လာထိုင်ကာ
ကျဲက မေးလိုက်ခြင်းပင်....

"ဒီလိုပါပဲ ကျဲကျဲ .....
ကျဲ ဆေးရုံ မသွားဘူးလား"

"အင်း...ဒီနေ့ ပိတ်တယ်လေ
မောင်လာမှာလေ"

"မောင်...ဟို ဒေါသကြီးတဲ့ ကျန်းချန်လား"

"အဲ့လို မပြောပါနဲ့ မောင်လေးရယ်
မောင်က သဘောကောင်းပါတယ်
ဒေါသကြီးတာကလွဲရင် မောင်က
အားလုံး ပြီးပြည့်စုံတယ်"

"ဟွန့်.....မတော်ရသေးတဲ့ ကောင်ကို
ဂရုစိုက်နေလိုက်တာများ မောင်ဖြစ်သူကိုတောင် ဘေးထားတယ်"

"အယ် စိတ်မကောက်ပါနဲ့ ပေါ်ပေါ်ရယ်...
ကျဲက ပေါ်ပေါ်ကို ဘယ်လောက်ချစ်လဲ သိတယ်မလား....ကိုယ်ယောက်ဖနဲ့ ပြိုင်ပြီး
သဝန်တိုမနေနဲ့ ...."

"တိုစရာလား မတိုပါဘူး"

"ဟား !!!! မတိုဘူးသာပြောတာ
နှုတ်သီးလေးက ထော်နေလိုက်တာ
ဘဲလေးလား"

"မမနော် ..,ဟွန့် တော်ပြီ
ဆိုင်ကယ်ပတ်စီးဦးမယ်"

"အိမ်ပြန်နောက်မကျစေနဲ့နော် ရိပေါ်"

ရိပေါ်တစ်ယောက် နောက်ပြန် လက်ပြကာ
ဆိုင်ကယ်ကို တစ်ချိုးတည်း စီးသွားလေသည်၊၊
ပါးမရှိလို့သာပေါ့....ရှိရင် ကျတော် အိမ်ပြင်ထွက်ရမှာ မဟုတ်ဘူး၊၊
ပါးကို ကြောက်တာ မဟုတ်ဘူးနော်...

ရှောင်းကျန့် တစ်ယောက် အိမ်ရှေ့တွင်
ပန်းပင်ရေလောင်းနေတုန်း .....

*ဒီခေါတ် လူငယ်တွေ မလွယ်ပါလား
ဟူး....ခွေးပေါက်လေးကို သတိရလိုက်တာ
မင်းနာမည်လေး မသိခဲ့ရတာ ဝမ်းနည်းတယ်....ဒါပေမဲ့ မင်းနဲ့ နမ်းခဲ့ရတယ်မလား
တန်ပါတယ်လေ...*

အမွှေစိန်လေးရဲ့ ချစ်သူ [[ Completed ]]Where stories live. Discover now