[ Unicode ]
အမွှေစိန်လေးရဲ့ ချစ်သူ
အပိုင်း(၁၇)"ရိပေါ် "
"ဗျာ ကျဲ..."
"အကိုရှောင်းနဲ့ စကားများထားတာလား.."
"အာ!!! ဒီလိုပါပဲ ကျဲရာ...ကျဲရော တစ်ယောက်ထဲပဲလား ဘဲတွေ ဘာတွေ မရှိဘူးလား..."
"ရှိတယ်လို့လဲ ပြောရပါတယ်.... ဒါပေမဲ့ မဆုံတာ ကြာပြီလေ....."
"ဘာလို့လဲ ကျဲ..."
" "
"ကျဲ မဖြေချင်တာကို မေးမိနေသလိုပဲ
ကျတော် တောင်းပန်ပါတယ်....""တောင်းပန်စရာ မလိုပါဘူး Di Di..."
မျက်ဝန်းနက်နက်လေးမှာ အရည်တွဲနေတဲ့ မျက်ရည်လေးတွေ... အဝေးကို ငေးကြည့်နေပေမဲ့ ဘေးကနေ မြင်နေရတဲ မျက်ရည်တောင့်လေးတွေ....
"အရင်တုန်းကပေါ့... ကျဲ ချစ်သူက ဆင်းရဲတယ်လေ.... အဲ့တော့ ပါးပါးက သဘောမတူဘူး
ကျဲနဲ့ ပင်းပင်းက ငယ်ငယ်ထဲက ကစားဖက်တွေ
ရင်ခုန်တတ်စ ငယ်ရွယ်ချိန်လေးမှာပဲ ကျဲရင်ထဲမှာ အသည်းဦးပန်း ဆိုလို့ သူတစ်ယောက်ထဲပဲ...
တခြားယောက်ျားလေးတွေကို မျက်စိထဲ မမြင်ခဲ့ဘူး
သူတစ်ယောက်ထဲကိုပဲ ကျဲ မျက်ဝန်း ထဲမှာ တွယ်ငြိနေတာ.... အထက်တန်း ကျောင်းသားဘဝမှာ သူနဲ့ ချစ်သူ ဖြစ်ခဲ့တယ်....ချစ်သူ့ ဘဝမှာ ကျဲအပေါ် လိုလေသေးမရှိအောင် ဂရုစိုက်ပေးခဲ့တယ်...
ကျဲအနားမှာ အမြဲ ရှိနေပေးခဲ့တယ်....
ဒါပေမဲ့ တစ်နေ့မှာ ကံကြမ္မာ မုန်တိုင်း တိုက်ခဲ့တယ်
ကျဲနဲ့ ပင်းပင်းက ချစ်သူတွေ မှန်း ပါး သိသွားတော့ စိတ်တိုပြီး ကျဲကို အမေရိက ကို ပညာသင်လွှတ်ခဲ့တယ်... အဲ့ကတည်းက ပင်းပင်း နဲ့ အဆက်အသွယ် ပျက်သွားတယ်.....ကျဲ ပြန်လာတော့ သူကို ရှာပေမဲ့ ရှာမတွေ့ခဲ့ဘူး.... ကြားတာတော့ သူ အိမ်ပြောင်းသွားတယ်တဲ့.... ကျဲ ထွက်သွားတော့ သူ့မားက နှလုံးဖောက်ကာ သေဆုံးသွားတယ်တဲ့.... ကျဲ တို့လဲ ပြန်မဆုံကြတော့ဘူး.....
အခုချိန်ထိ သူ့တစ်ယောက်ထဲကိုပဲ မျှော်ကိုးလာတာပါ....အဟင့် .... ""မငိုပါနဲ့ ကျဲရာ.... အချစ်စစ် အချစ်မှန်ရင် ဘယ်လောက်ဝေးဝေး ပြန်ဆုံကြတယ်တဲ့.... ကျဲတို့က ဖူးစာ ပါမှာပါ... အချစ်ဦး မြေးဦးရထိ မမေ့ဘူးတဲ့
သူလည်း ကျဲ ကို အခုချိန် အရမ်း လွမ်းနေမှာပဲ
မတတ်သာလို့ အခြေအနေ တစ်ခုကြောင့် ထွက်သွားတာ ဖြစ်မှာပါ...."
![](https://img.wattpad.com/cover/220130339-288-k146549.jpg)
ESTÁS LEYENDO
အမွှေစိန်လေးရဲ့ ချစ်သူ [[ Completed ]]
Fanficကျတော် ကောင်လေးက အဆိုးလေးဗျ သူမွှေသမျှ လိုက်ရှင်းရတာ