/34/

5.9K 490 10
                                    

Zawgyi

ဘုရားပေါင်း နှစ်ထောင်ကျော်နဲ့ မြန်မာ့ သမိုင်းဝင် ပုဂံ ဘုရားကိုလဲ ကားလေးတစ်စီးနဲ့ ဆိုက်မြိုက်စွာ ခရီးစိုက်လာလေသည်၊၊

'လှည်းဝင်ရိုးသံ တညံညံ ပုဂံဘုရားပေါင်း၊
ကိုးကိုးတန် ပုဂံအိမ်ခြေပေါင်း'    ဆိုတဲ့ ဆောင်ပုဒ်လေးနဲ့ အညီ မြင်းလှည်းလေး စီးကာ ပုဂံဘုရားကို ကိုကို နဲ့အတူ လျှောက်လည်မယ်၊၊

'ထုမှာ ဓမ္မာရံ၊ နုမှာ အာနန္နာ ၊ ဥာဏ်မှာ သမ္ဗန္ဓု၊ တန်ခိုးမှာ ရွှေစည်းခုံ '  ဆိုတဲ့ ဆောင်ပုဒ်လေးတွေက အလကား ရခဲ့တာ မဟုတ်ပေ၊၊ ဘုရားတွေရဲ့ ဖွဲ့စည်း တည်ဆောက်ပုံကို ကြည့်ခြင်းအားဖြင့် ရှေးမြန်မာမင်းများ၏ ဘုန်းတန်ခိုး ကြီးမားပုံကိုလည်း မြင်တွေ့နိုင်ပါတယ်၊၊

သရပါ တံခါးကို မြင်းလှည်းလေးနဲ့ သွားဖူးကာ ကင်မရာကနေ တစ်ဖျတ်ဖျတ် ဓာတ်ပုံရိုက်နေမိတယ်၊၊ ဗိသုကာ လက်ရာမြောက်သော နေရာလေးတစ်ခုပဲ၊၊

မြန်မာ ပုဆိုးလေးနဲ့ ခန့်ညား နေတဲ့ ကိုကိုဟာ မြင်သူ တကာ တွေ မျက်စိ ကျွတ်ကျ မတတ် ငေးနေကြသည်၊၊ ချစ်လွန်းလို့ ဒီလူကြီးကို ဘယ်သွားသွား ရင်ဘတ်ထဲ သိမ်းဆည်းထားချင်မိတယ်၊၊

လေပူ ပူပေါင်းလေးတွေ စီးပြီး အပေါ်ကနေ ဘုရားတွေကို ရင်သပ်ရှုမော ဖွယ် ငေးမော ကြည့်ရှူနိုင်ပါသည်၊၊ မိုးပေါ်ကနေ ပူပေါင်းစီးရင်း လှမ်းမြင်နေရတဲ့ ဘုရားတွေကို ဓာတ်ပုံရိုက်ကာ မှတ်တမ်းတင်ထားလိုက်သည်၊၊

နေသာသော နေ့ရက်လေးမို့ အပူဒဏ် သိပ်မခံစားရဘဲ နေထိုင်ကောင်းအောင် နေမင်းကြီးက မျှတစွာ လင်းထိန်ပေးနေသည်၊၊

မြန်မာ ပါးကွက်ကြားလေးနဲ့ ချစ်ရသူကို ကြည့်ပြီး ရှောင်းကျန့် ရင်ထဲ ကြည်နူးမှု ကုဋေကုဋာ ကူးသန်းနေတယ်၊၊ပါးဖောင်းဖောင်းလေးမှာ နေရာယူထားတဲ့ ပါးကွက်ကြားလေးကို ကြည့်ပြီး ရှောင်းကျန့် တံတွေးမျိုချရင်း နူးညံ့တဲ့ ပါးပြင်မို့မို့လေးကို အနမ်းခြွေလိုက်တယ်၊၊

"ကိုကို ဘာလုပ်တာလဲ၊၊ ခါးခါးတွေ ပျက်ကုန်တော့မှာပဲ၊၊ "

အနမ်းခံရတဲ့ ပါးလေးကို ကိုင်ကာ သနပ်ခါး ပျက်မည်ဆိုးတဲ့အလား နှုတ်ခမ်းစူကာ ရန်တွေ့ပြန်တယ်၊၊

အမွှေစိန်လေးရဲ့ ချစ်သူ [[ Completed ]]Where stories live. Discover now