/49/

5.5K 471 37
                                    

Zawgyi

" သားငယ် မွေးရက်နီးပြီလား "

" ဟုတ်တယ် မားမား... ဗိုက်ကြီးလဲ ကွဲတော့မဲ့အတိုင်းပဲ ပူနေတာပဲ "

" ဖြစ်တတ်ပါတယ် သားရယ်... ကိုယ်ဝန်သည်တိုင်း ဗိုက်ပူ ခါးတုတ်ကြတယ် "

" သား ရုပ်ဆိုးနေပြီလား "

" အို... ဆိုးစရာလား... မား သားလေးက ၃၁ဘုံမှာ အချောဆုံး၊ ချစ်စရာအကောင်းဆုံး "

" ခစ်ခစ်... မားက လိပ်ကလေး "

" ကြည့်စမ်း ကိုယ့်အမေကိုများ "

မေမေက ရိပေါ် မွေးခါနီးမှာ စိုးရိမ်လွန်း၍ အနားမှာ အရောက်လာနေတတ်တယ်၊၊ အားပေးနှစ်သိမ့်တယ် ၊၊ အနည်းဆုံးတော့ ကိုကို မရှိပေမဲ့ မားမား ရှိတော့ အားငယ်စိတ်လဲ မရှိတော့ပါဘူး၊၊ မွေးခါနီးလို့လား မသိဘူး၊၊ ရိပေါ် အရမ်း အားငယ်နေသည်၊၊ ကြောက်လဲ ကြောက်သည်၊၊
တစ်ခုခု မှားယွင်းသွားမှာ သေလောက်အောင် ကြောက်သည်၊၊

" ဘာမှ မကြောက်နဲ့နော် သား... မား ရှိတယ်၊၊ "

မားက ရိပေါ် လက်ဖမိုးလေးပေါ် အုပ်ကိုင်ကာ ချော့မော့ပြောတော့ မူပိုင် အပြုံးလေးနဲ့ မားကို ဖက်ထားမိသည်၊၊ သို့သော် ဗိုက်ကလေးက နံရံခြားနေ၍ ကောင်းကောင်းမဖက်ရ...၊၊

" သား အဆင်ပြေပါတယ် မားရာ "

♥︎♥︎♥︎♥︎♥︎♥︎♥︎♥︎

" ရှောင်းကျန့်... ယောက်ဖ မွေးခါနီးနေပြီမလား "

" အေးကွာ စိတ်ပူနေတယ် "

" မစိုးရိမ်ပါနဲ့ကွာ ငါတို့ ရှိတာပဲ၊၊ "

" အင်း မင်းကို အားကိုးပါတယ် "

❦︎❦︎❦︎❦︎❦︎❦︎❦︎❦︎

" အား.... အ့ နာတယ် "

" ခဏလေး သည်းခံနော် ကလေး "

လူနာတွန်းလှည်းပေါ်တွင် ချွေးတွေစိုရွှဲကာ နာကျင်လို့ ညည်းနေတဲ့ ရိပေါ် မြင်တော့ ရှောင်းကျန့် ခြေဖျား လက်ဖျားတွေ ပူနွေးသွားရ၏၊၊
ကလေး နာကျင်နေတာထက် သူပဲ နာကျင် လိုက်ချင်တယ်၊၊

" အား... နာတယ် "

" လူနာရှင် နေခဲ့ပါ "

Operation ခန်းရှေ့ရောက်တော့ ဆုပ်ကိုင်ထားတဲ့ ကလေး လက်လေးကို လွှတ်လိုက်ရတယ်၊၊ အား စိတ်ပူလွန်းလို့ ရူးမတတ်ပဲ၊၊ ကလေးနဲ့ ပေါက်စလေး ဘာမှ မဖြစ်ပါစေ၊၊

အမွှေစိန်လေးရဲ့ ချစ်သူ [[ Completed ]]Where stories live. Discover now