ပြိုင်ဘက်ကင်းဆေးနတ်ဘုရား
ဘာသာပြန်သူ-ဖြိုးသူဝင်း
Book(46)
Chapter-3
(နှုတ်ဆက်ခြင်း)
"သူတို့ငါးယောက်ပဲ သွားမှာလား… အဲဒါက မသွားတာနဲ့ ဘာကွာခြားလို့လဲ….."
"လူငါးယောက်က ဘာလုပ်နိုင်မှာလဲ… ယီယွမ်ရဲ့ ခွန်အားက သန်မာတယ်ဆိုပေမဲ့ စစ်သားတွေ ထောင်ပေါင်းများစွာရဲ့ ကြားထဲမှာရောက်သွားတဲ့အခါ အများကြီးထိရောက်မှုမရှိတော့ဘူး... ဟုတ်တယ်မလား….."
"ကျယ်ပြန့်သော ကောင်းကင်ဘုံဘုရားရဲ့ အဋ္ဌမအလွှာကို ရောက်ရှိပြီးတာနဲ့ သူက ကိုယ့်အခြေအနေကိုယ်မသိတာတော့ မဟုတ်ပါဘူးနော်… သူက အခုအချိန်မှာ ဘယ်လောက်ပဲ အစွမ်းထက်နေပါစေ သူက ပင်လယ်အသွင်ပြောင်းလဲခြင်းနယ်ပယ် သိုင်းပညာရှင်တစ်ယောက်ပဲ… တကယ်လို့ သူက ကျင့်စဥ်အဆင့် မြင့်တက်ပြီး တိုက်ခိုက်နိုင်တယ်ဆိုရင်တောင် သွေးနီအလင်းတန်းမြို့မှာ စိတ်ဝိညာဥ်ပင်လယ်နယ်ပယ်တွေက မြစ်ကိုဖြတ်ကူးတဲ့ ငါးတွေလောက် များပြားတယ်… စိတ်ဝိညာဥ်ပင်လယ်နယ်ပယ် အထွတ်အထိပ်အဆင့်တွေတောင် နည်းနည်းနောနော မဟုတ်ဘူး….."
ယီယွမ်က ဤသို့ပြောလိုက်ရာ ချက်ချင်းပင် တီးတိုးစကားသံများ ဆူညံသွားခဲ့၏။
လူတိုင်းက ယီယွမ်၏ ခွန်အားကို လက်ခံကြသော်လည်း ကမ္ဘာနှစ်ခုကြားစစ်ပွဲနှင့် တစ်ဦးချင်းတိုက်ပွဲများက လုံးဝမတူပေ။
သိုင်းပညာရှင်က မည်မျှပင် အစွမ်းထက်စေကာမူ သိုင်းပညာရှင် ထောင်ပေါင်းများစွာအကြား၌ ရောက်ရှိသွားခဲ့လျှင် ထိုအရာက အရာမရောက်တော့ပေ။အထွတ်အထိပ်အဆင့် ဒီဗိုင်းဖြတ်ကျော်ခြင်းနယ်ပယ် ပုဂ္ဂိုလ်များပင် သိုင်းပညာရှင် အရေအတွက်အများကြီးနှင့် ရင်ဆိုင်ရမယ်ဆိုလျှင် ခွန်အားကုန်ဆုံးမှုကို ထိန်းချုပ်နိုင်မည်မဟုတ်ပေ။
ယီယွမ်က ထိုနေရာသို့ နောက်လိုက်လေးယောက်နှင့်အတူ သွားရောက်ကူညီမည်ဟု ပြောဆိုသည်မှာ ဟာသတစ်ခုသာ ဖြစ်ပေသည်။
"ယီယွမ်… သေသေချာချာ မစဥ်းစားဘဲ မဆုံးဖြတ်ပါနဲ့… မင်းက မင်းကိုယ်မင်း တော်တော်လေး ယုံကြည်နေတယ်ဆိုတာ ငါသိပါတယ်… ဒါပေမဲ့ သွေးနီအလင်းတန်းမြို့ရဲ့ အခြေအနေက အခုအချိန်မှာ တော်တော်လေး နိမ့်ကျနေတယ်… မင်းက လူအချို့ကို ခေါ်သွားတာ အကောင်းဆုံးပဲ… မင်းတို့ငါးယောက်ပဲဆိုရင် စစ်ပွဲအခြေအနေကို ဘာမှပြောင်းလဲပေးနိုင်မှာမဟုတ်ဘူး….." နင်ရီရှန်းက နားချပြောဆိုလိုက်၏။
YOU ARE READING
ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(part-4)
Fantasy(ပြိုင်ဘက်ကင်းဆေးနတ်ဘုရား) ချင်ယန်ကျိဟာ သစ္စာဖောက်တစ်ယောက် လက်ချက်ကြောင့် သေဆုံးခဲ့ရတယ်။အရာအားလုံးပြီးဆုံးသွားပြီလို့ ထင်ရပေမဲ့ တကယ်တမ်းမှာတော့ မပြီးဆုံးခဲ့ပါဘူး။ သူဟာ ယီယွမ် လို့ခေါ်တဲ့ သူဋ္ဌေးသား တစ်ယောက်ရဲ့ ခန္ဓာကိုယ်မှာ ပြန်လည်နိုးထအသက်ဝင်လာခဲ့ရ...