ပြိုင်ဘက်ကင်းဆေးနတ်ဘုရား
ဘာသာပြန်သူ-ဖြိုးသူဝင်း
Book(49)
Chapter-8
(မူလသံလိုက်ဓာတ် ဝိညာဥ်သစ်သား)
"လျှပ်စီးစွမ်းအင်သစ်သီးတွေက တစ်ညတည်းနဲ့ အမှန်တကယ် ရင့်မှည့်လာနိုင်တယ်လို့ လုံးဝမျှော်လင့်မထားခဲ့ဘူး… ဒီအရာက နတ်ဘုရားတွေပဲ လုပ်ဆောင်နိုင်ပြီး မိစ္ဆာတွေ မလုပ်နိုင်တဲ့ စွမ်းရည်တစ်ခုပဲ… အားနည်းချက်နည်းနည်းလောက်ကို ဆရာယီက စိတ်ထဲထည့်နေစရာ မလိုအပ်ပါဘူး….."
ဘေးတွင်ရှိသော ယွီရှင်းက မျက်လုံးပြူးနေခဲ့ပြီဖြစ်သည်။ သူမ၏မျက်လုံးရှေ့၌ ဖြစ်ပျက်နေသော မြင်ကွင်းက အလွန်ဆန်းကြယ်လှပေ၏။
၁၀ရာခိုင်နှုန်းဆုံးရှုံးမှုကို သူမက လုံးဝဂရုမစိုက်ပေ။
လျှပ်စီးစွမ်းအင်သစ်သီး အများအပြားရှိနေခဲ့ရာ ထိုဆုံးရှုံးမှုကို ကာမိရန် လုံလောက်ပေသည်။
ယီယွမ်က ပြုံး၍ပြောလိုက်၏။ "ကြည့်နေတာရပ်လိုက်တော့… အားလုံးပဲ အထဲကိုဝင်ပြီး လျှပ်စီးစွမ်းအင်သစ်သီးတွေကို ရိတ်သိမ်းကြတော့… လျှပ်စီးစွမ်းအင်သစ်သီးတောအုပ်က မသေးဘူးလေ… လျှပ်စီးစွမ်းအင်သစ်သီးတွေရဲ့ ငါးပုံတစ်ပုံက မင်းတို့အသုံးပြုဖို့အတွက် များလွန်းနေပါပြီ… မြန်မြန်လှုပ်ရှားကြ… လူတွေက လမ်းတစ်ဝက်လောက် ရောက်နေပြီလို့ငါထင်တယ်….."
ယွီရှင်းက ခေါင်းညိတ်၍ ပြောခဲ့သည်။ "ကျေးဇူးအများကြီးတင်ပါတယ်… ဆရာယီ….."လျှပ်စီးစွမ်းအင်သစ်သီးများ၏ ကျောက်စိမ်းမျက်နှာ နတ်သမီးမြေခွေးကလန်အပေါ် ဆွဲဆောင်မှုက အလွန်ကြီးမားလှပေ၏။ မူလတွင် သူတို့၏ တိုက်ခိုက်မှုစွမ်းအားက အားနည်းနေခဲ့ခြင်းဖြစ်သည်။ လျှပ်စီးစွမ်းအင်သစ်သီးများက သူတို့အတွက် အင်အားကြီးမားလာစေမည့် အခွင့်အရေးတစ်ခုဖြစ်၏။
ယီယွမ်ကလည်း လျှပ်စီးစွမ်းအင်သစ်သီးတောအုပ်သို့ ဝင်ရောက်ခဲ့သော်လည်း လျှပ်စီးစွမ်းအင်သစ်သီးများကို ချက်ချင်းရိတ်သိမ်းခြင်းမပြုခဲ့ပေ။
VOUS LISEZ
ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(part-4)
Fantasy(ပြိုင်ဘက်ကင်းဆေးနတ်ဘုရား) ချင်ယန်ကျိဟာ သစ္စာဖောက်တစ်ယောက် လက်ချက်ကြောင့် သေဆုံးခဲ့ရတယ်။အရာအားလုံးပြီးဆုံးသွားပြီလို့ ထင်ရပေမဲ့ တကယ်တမ်းမှာတော့ မပြီးဆုံးခဲ့ပါဘူး။ သူဟာ ယီယွမ် လို့ခေါ်တဲ့ သူဋ္ဌေးသား တစ်ယောက်ရဲ့ ခန္ဓာကိုယ်မှာ ပြန်လည်နိုးထအသက်ဝင်လာခဲ့ရ...