ပြိုင်ဘက်ကင်းဆေးနတ်ဘုရား
ဘာသာပြန်သူ-ဖြုးသူဝင်း
Book(47)
Chapter-10
(ဖောက်ခွဲခြင်း)
ထိုစကားကိုကြားသော် ယီယွမ်က အသာပြုံး၍ ပြောဆိုခဲ့သည်။ "စိတ်အေးအေးထားပြီး လုပ်ဆောင်ရမှာလား… ခင်ဗျားရဲ့စောစောက စကားသံ ဒီလိုမဟုတ်ပါဘူး….."
လန်ရွှမ်းက ကိုးရိုးကားရား အမူအရာတစ်ခုဖြင့် ပြောဆိုလိုက်၏။ "ငါ… အဲဒါက ငါ့မှာမျက်လုံးတွေရှိပေမဲ့ တိုင်တောင်ကြီးကို မမှတ်မိတာပါ… ကောင်လေး… အာ… မဟုတ်ဘူး… ညီငယ်လေးယီ… ငါ… ငါတောင်းပန်ပါတယ်….."
သူ၏နောက်ကျောက ချွေးများဖြင့် စိုရွှဲနေခဲ့ပြီဖြစ်ပြီး မတ်တတ်ရပ်နေခဲ့ကာ လုံးဝပင် မလှုပ်ရှားရဲခဲ့ပေ။
သူ၏တစ်ဘဝလုံးတွင် ဤအချိန်က သူ့အတွက် ပထမဆုံးအကြိမ်အဖြစ် သေဘေးနှင့် နီးစပ်သည်ဟူ၍ ခံစားရခြင်းဖြစ်သည်။
"ဟားဟား… တောင်းပန်တယ်ဟုတ်လား… ကျုပ်က ခင်ဗျားရဲ့တောင်းပန်မှုကို လက်ခံမယ်လို့ ထင်နေတာလား….." ယီယွမ်က ပြုံး၍ မေးခွန်းတစ်ခုဖြင့် ပြန်လည်တုံ့ပြန်လိုက်၏။
"ဒါဆိုရင်… ဒါဆိုရင် မင်းကဘာလိုချင်တာလဲ…..""ကျုပ်က ဘာလိုချင်ရမှာလဲ… ခင်ဗျားတို့တွေ နောက်ပြန်ဆုတ်ပေးကြ… ဒီလိုမှမဟုတ်ရင် ခင်ဗျားတို့က ဒီနေ့သေရလိမ့်မယ်….." ယီယွမ်က အေးအေးဆေးဆေး ပြောဆိုခဲ့သည်။
ထိုသို့ပြောရင်း ယီယွမ်က သူ၏လက်ထဲမှ တံဆိပ်တော်ကို မြှောက်လိုက်၏။ လန်ရွှမ်း၏နှလုံးသားက တုန်ယင်သွားခဲ့ပြီး အပြင်သို့ ခုန်ထွက်လာလုမတတ် ဖြစ်သွားခဲ့သည်။
ဤအချိန်၌ သူ၏အရေပြားက ပေါက်ကွဲထွက်လုနီးပါးဖြစ်လာခဲ့၏။
သို့ရာတွင် ယီယွမ်က လက်ကိုအသာပြန်ရုတ်လိုက်သည်။ ဟင်းလင်းပြင်လွတ်မြောက်မှု မိုးကြိုးပေါက်ကွဲခြင်းတံဆိပ်တော်က သူ၏မူလအခြေအနေသို့ ပြန်လည်ရောက်ရှိသွားခဲ့၏။
ပလောက်….. ပလောက်…..
လန်ရွှမ်းက စိတ်သက်သာရာရဟန်ဖြင့် သက်ပြင်းတစ်ချက်ချလိုက်သည်။ ချွေးစက်များက သူ၏နဖူးပြင်မှ မြေပြင်သို့ စီးကျသွားခဲ့၏။
YOU ARE READING
ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(part-4)
Fantasy(ပြိုင်ဘက်ကင်းဆေးနတ်ဘုရား) ချင်ယန်ကျိဟာ သစ္စာဖောက်တစ်ယောက် လက်ချက်ကြောင့် သေဆုံးခဲ့ရတယ်။အရာအားလုံးပြီးဆုံးသွားပြီလို့ ထင်ရပေမဲ့ တကယ်တမ်းမှာတော့ မပြီးဆုံးခဲ့ပါဘူး။ သူဟာ ယီယွမ် လို့ခေါ်တဲ့ သူဋ္ဌေးသား တစ်ယောက်ရဲ့ ခန္ဓာကိုယ်မှာ ပြန်လည်နိုးထအသက်ဝင်လာခဲ့ရ...