ပြိုင်ဘက်ကင်းဆေးနတ်ဘုရား
ဘာသာပြန်သူ-ဖြိုးသူဝင်း
Book(49)
Chapter-3
(လျှပ်စီးစွမ်းအင်သစ်သီးတောအုပ်)
အဆင့်(7)ပုဂ္ဂိုလ်ကြီးများ…..
ဒီနယ်မြေက အဆင့်(7)ပုဂ္ဂိုလ်ကြီးတွေ စုစည်းနေထိုင်တယ်ဆိုတော့ ဘယ်လောက်အထိ တည်ငြိမ်နေလိုက်မလဲ…..
အနည်းဆုံးအနေဖြင့် တည်ငြိမ်မှုအလွန်မြင့်မားသော
အလွန့်အလွန် နည်းပါးသည့် အထူးကမ္ဘာများမှလွဲ၍ အဆင့်နိမ့်နယ်မြေများတွင် အဆင့်(7) ပုဂ္ဂိုလ်ကြီးများ ရှိနေရန် လုံးဝမဖြစ်နိုင်ပေ။ဤကမ္ဘာများအားလုံးကို ယီယွမ်က သိရှိပေသည်။ အဆုံးမဲ့ကမ္ဘာကြီး လုံးဝမပါဝင်ပေ။
ငါ့မျက်စိရှေ့က နတ်ဘုရားပိတ်ပင်ခြင်းဒီမွန်းနယ်မြေက ဘယ်လိုအဆင့်အတန်းမျိုးလဲ…..
အဆုံးမဲ့ကမ္ဘာကြီးက အမှန်တကယ်ပင် လျှို့ဝှက်ဆန်းကြယ်သော နေရာတစ်ခုဖြစ်ကြောင်း ယီယွမ်က ရုတ်တရက် တွေ့ရှိခဲ့၏။ ကမ္ဘာအဆင့်က မြင့်မားခြင်းမရှိဘဲ ဒေသခံများက ခွန်အားကြီးမားခြင်းမရှိသော်လည်း ထိုနေရာ၌ လျှို့ဝှက်ချက်များစွာ ရှိနေခဲ့သည်။
သူကဲ့သို့ နတ်ဘုရားနယ်မြေ၏ အထွတ်အထိပ်ပုဂ္ဂိုလ်ကြီး တစ်ယောက်ပင် ဤကမ္ဘာငယ်လေး၏ အမှန်တကယ်အနေအထားကို သိရှိခြင်းမရှိခဲ့ပေ။
နတ်ဘုရားပိတ်ပင်ခြင်းဒီမွန်းနယ်မြေကဲ့သို့ ထူးခြားသောနေရာတစ်ခုကပင် ကိုယ်ပိုင်လျှို့ဝှက်ချက်များ ရှိနေပေ၏။
ယွီဟန်၏ အမူအရာကို ကြည့်ရုံဖြင့် သူမက ထိုလျှို့ဝှက်ချက်များကို မသိကြောင်း သိနိုင်သည်။
"ကောင်းပြီလေ… ကြည့်ရတာ တုံမင်းနယ်မြေကို ခရီးတစ်ခေါက်သွားရတော့မယ်နဲ့ တူတယ်….."
ယီယွမ်က နတ်ဘုရားပိတ်ပင်ခြင်းဒီမွန်းနယ်မြေကို သိချင်စိတ်ပြည့်နေခဲ့၏။ တစ်ချိန်တည်းတွင် သူက အဇူရာစိတ်ဝိညာဥ်အပင်ကို ရှာဖွေနေခဲ့၍ ပုံမှန်အားဖြင့် သူက တူးဖော်ကြည့်ရန် လိုအပ်ပေသည်။
ESTÁS LEYENDO
ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(part-4)
Fantasía(ပြိုင်ဘက်ကင်းဆေးနတ်ဘုရား) ချင်ယန်ကျိဟာ သစ္စာဖောက်တစ်ယောက် လက်ချက်ကြောင့် သေဆုံးခဲ့ရတယ်။အရာအားလုံးပြီးဆုံးသွားပြီလို့ ထင်ရပေမဲ့ တကယ်တမ်းမှာတော့ မပြီးဆုံးခဲ့ပါဘူး။ သူဟာ ယီယွမ် လို့ခေါ်တဲ့ သူဋ္ဌေးသား တစ်ယောက်ရဲ့ ခန္ဓာကိုယ်မှာ ပြန်လည်နိုးထအသက်ဝင်လာခဲ့ရ...