ပြိုင်ဘက်ကင်းဆေးနတ်ဘုရား
ဘာသာပြန်သူ-ဖြိုးသူဝင်း
Book(46)
Chapter-13
(ခေါင်းဖြတ်ခြင်း)
"ကျုပ်… ကျုပ်ဆရာက ယုယွီချင်း… အဆင့်(5) အဆင့်မြင့်အဆင့် ဝင်္ကပါပညာရှင်….." ရှောက်စစ်ချီက တုံ့ဆိုင်းတုံ့ဆိုင်းဖြင့် ပြောလိုက်သည်။
ဘေးမှနေ၍ စုဟူက တစ်စုံတစ်ရာကို နားလည်သွားခဲ့ဟန်ဖြင့် ကပျာကယာပင် ရှင်းပြခဲ့၏။ "သခင်ယွီချင်းက လွန်ခဲ့တဲ့ ဆယ်နှစ်ကတည်းက သေဆုံးသွားခဲ့ပါပြီ… စစ်ချီက အခုအချိန်မှာ တစ်ယောက်တည်း ကျင့်ကြံနေပါတယ်….."
ယီယွမ်က ရှောက်စစ်ချီကို စိုက်ကြည့်ပြီး ခေါင်းတစ်ချက်ညိတ်၍ ပြောလိုက်သည်။ "ဒီလိုဆိုရင် ငါမင်းကို အစီအရင်တစ်ခု ပေးမယ်… တကယ်လို့ မင်းက အဲဒီအစီအရင်ကို ဆယ်ရက်အတွင်း နားလည်သဘောပေါက်ခဲ့ရင် ငါက မင်းကို ကောင်းမွန်တဲ့ကံတရားတစ်ခု ပေးမယ်….အဲဒါဆိုရင်ကော ဘယ်လိုလဲ….."
ရှောက်စစ်ချီက မှင်တက်သွားခဲ့သည်။ သူက လက်ရှိအချိန်၌ သတိပြန်ကပ်လာခြင်းမရှိသေးပေ။ ပင်လယ်အသွင်ပြောင်းလဲခြင်းနယ်ပယ် သိုင်းပညာရှင်တစ်ယောက်က သူ့ကို ကောင်းမွန်သောကံတရား ပေးအပ်မည်ဟူ၍ ပြောနေခဲ့၏။ မည်မျှပင်နားထောင်စေကာမူ ထိုအရာက ဟာသတစ်ခုသာဖြစ်သည်။
စုဟူက ရှောက်စစ်ချီ မှင်တက်နေသည်ကိုမြင်သော် ကပျာကယာပင် လာရောက်၍ သတိပေးပြောဆိုခဲ့၏။ "မင်းက ဘာလို့တွေဝေနေသေးတာလဲ… မြန်မြန်သဘောတူလိုက်….."
"အာ….." ရှောက်စစ်ချီက နောက်ဆုံးတွင် သတိဝင်လာခဲ့ပြီး သူ၏ခေါင်းကိုခါယမ်း၍ ပြောလိုက်သည်။ "မလုပ်နိူင်ဘူး… ဆရာ့ရဲ့ကျေးဇူးက ကျွန်တော့်အပေါ်မှာ တောင်တစ်လုံးလို ကြီးမားတယ်… အခြားအင်အားစုကို ကျွန်တော်က မဝင်ရောက်ချင်ပါဘူး….."စုဟူက ထိုစကားကိုကြားသော် ဒေါသထွက်လာခဲ့၏။ သူက ပို၍ကောင်းမွန်သော အရာကို မျှော်လင့်ထားဟန်ဖြင့် ပြောလိုက်သည်။ "မင်းငတုံးပဲ… သခင်ယွီချင်းက သေဆုံးသွားပြီလေ… အခု ပိုကောင်းတဲ့အခွင့်အရေးတစ်ခု ရှိလာတာတောင် မင်းက ဘယ်လိုဆုပ်ကိုင်ရမလဲဆိုတာ မသိခဲ့ဘူး….."
ŞİMDİ OKUDUĞUN
ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(part-4)
Fantastik(ပြိုင်ဘက်ကင်းဆေးနတ်ဘုရား) ချင်ယန်ကျိဟာ သစ္စာဖောက်တစ်ယောက် လက်ချက်ကြောင့် သေဆုံးခဲ့ရတယ်။အရာအားလုံးပြီးဆုံးသွားပြီလို့ ထင်ရပေမဲ့ တကယ်တမ်းမှာတော့ မပြီးဆုံးခဲ့ပါဘူး။ သူဟာ ယီယွမ် လို့ခေါ်တဲ့ သူဋ္ဌေးသား တစ်ယောက်ရဲ့ ခန္ဓာကိုယ်မှာ ပြန်လည်နိုးထအသက်ဝင်လာခဲ့ရ...