ပြိုင်ဘက်ကင်းဆေးနတ်ဘုရား
ဘာသာပြန်သူ-ဖြိုးသူဝင်း
Book 48
Chapter-9
(ထပ်ကာထပ်ကာ ရန်စစော်ကားခြင်း)
လှပသောခန္ဓာကိုယ်သုံးခုက သစ်ပစ်ကြီးပေါ်မှ ဆင်းလာခဲ့ပြီး ယီယွမ်က မျက်လုံးလွှဲဖယ်ခြင်းပင် မပြုနိုင်ခဲ့ပေ။
ဤသုံးယောက်စလုံးက ထိပ်တန်းအလှပဂေးများ
ဖြစ်ကြသည်။ သူမတို့သုံးယောက်ကို မြင်လိုက်ကြသော လူသားများက သူမတို့၏ ဆွဲဆောင်မှုကို သေချာပေါက်ခံစားရပေမည်။ယီယွမ်က သူမတို့ကိုမြင်လိုက်ချိန်တွင်ပင် သူမတို့က ပုံစံပြောင်းလဲထားသည့် ဒီမွန်းသားရဲများဟူ၍ မယုံကြည်ရဲခဲ့ပေ။
ရှေ့ဆုံးမှ ပြိုင်ဖက်ကင်းမိန်းမလှလေးက ယီယွမ်ကို မီးဝင်းဝင်းတောက်သော မျက်လုံးများဖြင့် ကြည့်နေခဲ့ပြီး ပြောဆိုလိုက်၏။ "ငါတို့ နတ်ဘုရားပိတ်ပင်ခြင်းဒီမွန်းနယ်မြေထဲကို လူသားတစ်ယောက်က ဝင်ရောက်လာရဲတယ်ပေါ့… သေလိုက်တော့….."
သို့သော် ထိုစကားကိုကြားချိန်၌ ယီယွမ်က မျက်မှောင်ကုတ်သွားခဲ့သည်။ တင်းလျန့်၏ နောက်ကလိုက်ခြင်းကို ရှောင်တိမ်းရန်အတွက် ဤနေရာသို့ ဝင်ရောက်လာခြင်းကြောင့် သူက မှားယွင်းခဲ့ကြောင်းကို သတိထားမိခဲ့ပြီးဖြစ်၏။ သို့သော် တွေ့တွေ့ချင်း သတ်ဖြတ်ရန်ကြံရွယ်ခြင်းကြောင့် ယီယွမ်က အလွန်မကျေမနပ်ဖြစ်သွားခဲ့သည်။
ထို့ပြင် ဤသုံးယောက်၏ အမူအရာများက ကောင်းမွန်ခြင်းမရှိသည်မှာ သိသာလှပေ၏။ သူက မည်မျှပင် ရှင်းပြနေစေကာမူ တစ်ဖက်က နားထောင်မည်မဟုတ်ပေ။"ဒီကမိန်းကလေးသုံးယောက်က ကျွန်တော့်ရဲ့စကားတစ်ခွန်းကို နားထောင်ပေးနိုင်မလား….." ယီယွမ်က မျှော်လင့်ချက်မလျှော့ဘဲ သူ၏ဒေါသကိုထိန်း၍ ပြောဆိုခဲ့သည်။
မည်သို့ပင်ဆိုစေကာမူ သူက တစ်ဖက်လူ၏ နယ်မြေအတွင်းသို့ ကျူးကျော်ဝင်ရောက်လာမိခဲ့၏။ သူက မတိုက်ခိုက်ရလျှင် အကောင်းဆုံးဖြစ်ပေသည်။
ယီယွမ်၏ စိတ်ထဲ၌ တိတ်တဆိတ်ပင် ထိတ်လန့်နေခဲ့၏။ သူက အထဲသို့ဝင်ရောက်လာသည်နှင့် ပုံစံပြောင်းဒီမွန်းသုံးယောက်နှင့် ဆုံတွေ့ခဲ့ရသည်။
YOU ARE READING
ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(part-4)
Fantasy(ပြိုင်ဘက်ကင်းဆေးနတ်ဘုရား) ချင်ယန်ကျိဟာ သစ္စာဖောက်တစ်ယောက် လက်ချက်ကြောင့် သေဆုံးခဲ့ရတယ်။အရာအားလုံးပြီးဆုံးသွားပြီလို့ ထင်ရပေမဲ့ တကယ်တမ်းမှာတော့ မပြီးဆုံးခဲ့ပါဘူး။ သူဟာ ယီယွမ် လို့ခေါ်တဲ့ သူဋ္ဌေးသား တစ်ယောက်ရဲ့ ခန္ဓာကိုယ်မှာ ပြန်လည်နိုးထအသက်ဝင်လာခဲ့ရ...