ပြိုင်ဘက်ကင်းဆေးနတ်ဘုရား
ဘာသာပြန်သူ-ဖြိုးသူဝင်း
Book 48
Chapter-10
(ကျောက်စိမ်းမျက်နှာ နတ်သမီးမြေခွေးကလန်)
ယွီလင်က လက်ရှိအချိန်၌ သူမ၏စိတ်ထဲ၌ ကြောက်ရွံ့တုန်လှုပ်နေခဲ့ပြီ
ဖြစ်သည်။ သူမက ယီယွမ်ကို ထိတ်လန့်တုန်လှုပ်နေသော မျက်နှာခြင့် ကြည့်နေခဲ့၏။သို့သော် ယွီရှုက အယောင်ယောင်အမှားမှား ဖြစ်သွားခဲ့သည်။ ယီယွမ်ကို ကြည့်နေသော သူမ၏အကြည့်က လေးစားမှုများ ပြည့်နှက်နေခဲ့၏။
ယီယွမ်က စောစောလေးတွင် လက်ဝါးချက်အင်အားကို ဦးတည်ရာ
ပြောင်းလဲလိုက်သည်။ ထိုသို့မဟုတ်ခဲ့လျှင် သူမက လက်ရှိအချိန်၌ အလောင်းကောင်တစ်ခု ဖြစ်နေတော့ပေမည်။"အစ်မယွီလင်… စောစောက ဘာပြောလိုက်တာလဲ… နဂါးမျိုးနွယ် ဟုတ်လား….." ယွီရှုက သိချင်စွာမေးမြန်းလိုက်၏။
စောစောလေးတွင် ယွီလင်က ထိတ်လန့်တုန်လှုပ်နေသော အခြေအနေတွင်သာ ရှိနေခဲ့သည်။ ယွီရှုက မေးမြန်းလိုက်မှသာ သူမက သတိပြန်ဝင်လာခဲ့၏။
သူမ၏ အာရုံခံမိမှုက မှားယွင်းရန်မဖြစ်နိုင်ပေ။ ယီယွမ်၏စောစောလေးက တိုက်ခိုက်မှုမှာ အစစ်အမှန်နဂါးတစ်ကောင်၏ အင်အားဖြစ်သည်။ဒါပေမဲ့ လူသားငချွတ်ကလေး
တစ်ယောက်က အစစ်အမှန်နဂါး တစ်ကောင်ရဲ့ခွန်အားကို ဘယ်လိုလုပ်ပြီး ထုတ်ဖော်နိုင်မှာလဲ…..ဒီမွန်းမျိုးနွယ်က တိကျသော ရာထူးအဆင့်ရှိပေ၏။ မဟာဒီဗိုင်းသားရဲလေးကောင်က မျိုးနွယ်၏ ထိပ်ဆုံးအဆင့်များ ဖြစ်ကြသည်။
နဂါးမျိုးနွယ်၏ရှေ့တွင် အဆင့်နိမ့်ဒီမွန်းသားရဲများက ကျင့်ကြံခြင်းအဆင့် မြင့်မားနေလျှင်ပင် ခေါင်းမော့ရဲခြင်းမရှိပေ။
အလင်းဖြူက အဆုံးမဲ့ကမ္ဘာကြီး၏ မည်သည့်နေရာသို့ သွားရောက်နေပါစေ သူက တိုက်ခိုက်နေစရာမလိုအပ်ဘဲ သားရဲများစွာက အညံ့ခံလာကြသည်။ အကြောင်းမှာ အလင်းဖြူ၏ ခန္ဓာကိုယ်ထဲရှိ ဒီဗိုင်းသားရဲ သွေးမျိုးဆက်ကြောင့် ဖြစ်ပေ၏။
YOU ARE READING
ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(part-4)
Fantasy(ပြိုင်ဘက်ကင်းဆေးနတ်ဘုရား) ချင်ယန်ကျိဟာ သစ္စာဖောက်တစ်ယောက် လက်ချက်ကြောင့် သေဆုံးခဲ့ရတယ်။အရာအားလုံးပြီးဆုံးသွားပြီလို့ ထင်ရပေမဲ့ တကယ်တမ်းမှာတော့ မပြီးဆုံးခဲ့ပါဘူး။ သူဟာ ယီယွမ် လို့ခေါ်တဲ့ သူဋ္ဌေးသား တစ်ယောက်ရဲ့ ခန္ဓာကိုယ်မှာ ပြန်လည်နိုးထအသက်ဝင်လာခဲ့ရ...