ပြိုင်ဘက်ကင်းဆေးနတ်ဘုရား
ဘာသာပြန် - ဖြိုးသူဝင်း
Book(49)
Chapter-1
(အဆင့်{5} အမြင့်ဆုံးအဆင့်)
လက္ခဏာလေးခုပုံရိပ်များက ကောင်းကင်နှင့်မြေကြီး၏ စိတ်ဝိညာဥ်များဖြစ်ကြသည်။
ယီယွမ်က ဆေးလုံးများဖော်စပ်နေချိန်၌ လက္ခဏာလေးခုပုံရိပ်များကို ဖြစ်ပေါ်လာစေသည်မှာ သူက ကောင်းကင်နှင့်မြေကြီးကို တုံ့ပြန်မှုအချို့ ရှိနေသည်ဟူ၍ သက်သေပြနေခြင်းဖြစ်၏။
ရှောင်ရူယန်နှင့် ရန်တုံတို့နှစ်ဦးစလုံးက လူညံ့များမဟုတ်ကြပေ။ လက္ခဏာလေးခုပုံရိပ်များ ဖြစ်ပေါ်လာစေရန် မည်မျှအထိ အဆင့်နက်နဲရန် လိုအပ်ကြောင်းကို ကောင်းစွာသတိပြုမိပေသည်။
လက္ခဏာလေးခု စိတ်ဝိညာဥ်စုဆောင်းပညာရပ်၏ စနစ်က လက္ခဏာလေးခုပုံရိပ်များ ဖြစ်ကြသော်လည်း နတ်ဘုရားနယ်မြေတွင် အလွန့်အလွန် နည်းပါးသော လူအရေအတွက်ကသာ လက္ခဏာလေးခုပုံရိပ်များကို ဖြစ်ပေါ်လာစေနိုင်၏။
ထိုအချိန်၌ ယီယွမ်က ရုတ်တရက်ပင် နက်နဲခြင်းရေခဲအလံကို ထုတ်ယူလိုက်သည်။
"နက်နဲခြင်းဝိညာဥ်ကိုးခုဝင်ပေါက် အစီအရင်.... ဖြစ်ပေါ်မယ်….."ယီယွမ်၏လက်များက လက်ရှိအချိန်၌ ရက်ကန်းသမားတစ်ယောက်ကဲ့သို့ လှုပ်ရှားနေခဲ့၏။ ထိုကောင်းမွန်သော လှုပ်ရှားမှုက အဆုံးစွန်အထိ တောက်ပလာခဲ့သည်။
သေးငယ်သော ဆေးလုံးတစ်လုံးထံသို့ အစီအရင်တစ်ခု ပေါင်းထည့်ရန်မှာ အလွန်တိကျလွန်းသော လက်တစ်စုံ လိုအပ်သည်မှာ စဥ်းစားကြည့်၍ ရပေ၏။
ရှောင်ရူယန်နှင့် ရန်တုံတို့က ကြည့်နေရင်းဖြင့် မှင်တက်နေသည်မှာ ကြာမြင့်နေခဲ့ပြီဖြစ်သည်။ ဤတစ်ကြိမ် ယီယွမ်၏ ဆေးဖော်စပ်မှုက မှော်ဆေးပညာလမ်းကြောင်းအပေါ် သူတို့၏ နားလည်မှုကို သန့်စင်ပြောင်းလဲပေးခဲ့၏။
လက်ရှိအချိန်၌ သူတို့နှစ်ယောက်စလုံးတွင် "ဆေးလုံးတွေကို ဒီလိုမျိုးဖော်စပ်လို့ရတာပဲ" ဟူသော ခံစားချက်တစ်ခု ရှိနေခဲ့သည်။
YOU ARE READING
ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(part-4)
Fantasy(ပြိုင်ဘက်ကင်းဆေးနတ်ဘုရား) ချင်ယန်ကျိဟာ သစ္စာဖောက်တစ်ယောက် လက်ချက်ကြောင့် သေဆုံးခဲ့ရတယ်။အရာအားလုံးပြီးဆုံးသွားပြီလို့ ထင်ရပေမဲ့ တကယ်တမ်းမှာတော့ မပြီးဆုံးခဲ့ပါဘူး။ သူဟာ ယီယွမ် လို့ခေါ်တဲ့ သူဋ္ဌေးသား တစ်ယောက်ရဲ့ ခန္ဓာကိုယ်မှာ ပြန်လည်နိုးထအသက်ဝင်လာခဲ့ရ...