Chapter 611

1.1K 126 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book(46)

Chapter-14

(ဆေးလုံးများ ဖြန့်ဝေပေးခြင်း)

"အ… အဆင့်(5) စိတ်ဝိညာဥ်ပင်လယ်နယ်ပယ်… ငါ့မျက်လုံးတွေက အမြင်မှားနေတာတော့ မဟုတ်ပါဘူးနော်….."

"အသက်ရှူချိန် အကြိမ်တစ်ရာတောင် မပြည့်သေးဘဲနဲ့ သူက ပြင်းထန်သောမုန်တိုင်း ကမ္ဘာကြီးရဲ့ စစ်တပ်က အဆင့်(5) စိတ်ဝိညာဥ်ပင်လယ်နယ်ပယ် သိုင်းပညာရှင်တစ်ယောက်ကို တကယ်ဖမ်းဆီးနိုင်ခဲ့တယ်ပေါ့….."

"ဒါက ကြိုတင်ပြင်ဆင်ထားတာရော မဖြစ်နိုင်ဘူးလား… အဲဒီလူက ပြင်းထန်သောမုန်တိုင်း ကမ္ဘာကြီးရဲ့ သိုင်းပညာရှင်တစ်ယောက်ရော ဟုတ်ရဲ့လား….."

ပထမတစ်ချက်ကြည့်လိုက်ရုံဖြင့် သိုင်းပညာရှင်များက ဤမြင်ကွင်းကိုမြင်သော် မယုံနိုင်ဟန်ဖြင့် ပြောလိုက်ကြသည်။

ပင်လယ်အသွင်ပြောင်းလဲခြင်းနယ်ပယ် ငချွတ်ကလေးတစ်ယောက်က အဆင့်(5) စိတ်ဝိညာဥ်ပင်လယ်နယ်ပယ် သိုင်းပညာရှင်တစ်ယောက်ကို အချိန်တိုအတွင်း ဖမ်းဆီးလာခဲ့၏။ ဤအရာက လုံးဝပင် ဟာသတစ်ခုဖြစ်သည်။

သို့သော် သူတို့က ကိစ္စတစ်ခုကို နားလည်လာခဲ့၏။ မြို့တွင်ရှိသော တည်နေရာရွှေ့ပြောင်းခြင်း အစီအရင်များကို ဖျက်ဆီးထားခဲ့ပြီးဖြစ်သည်။ အပြင်ဘက်တွင် ပြင်းထန်သောမုန်တိုင်း ကမ္ဘာကြီး၏ မဟာစစ်တပ်က ဝန်းရံနေခဲ့၏။ ယီယွမ်က မြို့ထဲသို့ မည်သို့ဝင်လာခဲ့သနည်း။

မြို့ထဲတွင် ပုံမှန်အားဖြင့် တားဆီးပိတ်ဆို့ထားသော အခြေအနေတစ်ခု ရှိနေခဲ့သည်။ ဤသိုင်းပညာရှင်များက လွန်ခဲ့သောရက်အနည်းငယ်တွင် မြို့အပြင်၌ ဖြစ်ပျက်သွားခဲ့သော အရာကို လုံးဝမသိခဲ့ကြပေ။

ဤအချိန်မှသာ စုဟူက အသံထွက်လာခဲ့၏။ "မင်းတို့အားလုံး သတိမထားမိကြသေးဘူးပဲ… လွန်ခဲ့တဲ့ရက်အနည်းငယ်က မြို့ပြင်ကနေ ဆရာယီက သတ်ဖြတ်ပြီး ဝင်ရောက်လာခဲ့တယ်… ပြင်းထန်သောမုန်တိုင်း ကမ္ဘာကြီးရဲ့ မဟာစစ်တပ်က ခေါင်းဆောင်ကို မင်းတို့သိကြတယ်မလား… ဆရာယီက သူနဲ့ မြို့ပြင်မှာ တိုက်ပွဲကြီးတစ်ခု ဆင်နွှဲပြီး သရေကျသွားခဲ့တယ်….."

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(part-4)Hikayelerin yaşadığı yer. Şimdi keşfedin