Chapter 615

1K 131 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ- ဖြိုးသူဝင်း

Book(47)

Chapter-4

(မြောက်အရပ်သို့ ဦးတည်ခြင်း)

ပဥ္စမနေ့မှစတင်၍ မဟာအစီအရင်အတွင်း၌ ထိခိုက်ဒဏ်ရာရမှုနှုန်းက ရုတ်တရက်ပင် ကျဆင်းသွားခဲ့၏။

ဒသမနေ့သို့ရောက်သောအခါ သိုင်းပညာရှင်များ၏ ထိခိုက်ဒဏ်ရာရရှိမှုနှုန်းက ရာပေါင်းအနည်းငယ်မျှသာ ရှိပေတော့သည်။

ပြောရမည်ဆိုလျှင် လူအားလုံးနီးပါးက ထိုသို့သောတိုက်ပွဲများကို အကောင်းဆုံးဖြတ်ကျော်နိူင်ခဲ့ပြီဟူ၍ပင် ဖြစ်၏။

သို့သော် လူအများစုအတွက် အစောပိုင်း၌ အခက်အခဲများနှင့် ကြုံတွေ့ခဲ့ရသည်။ လူသုံးယောက်က ငါးယောက်ကို ရင်ဆိုင်တိုက်ခိုက်ခြင်းက ပြဿနာတစ်ခု မဖြစ်သင့်ပေ။

ချူးရှစ်တို့သုံးယောက်ကဲ့သို့ လက်ရွေးစင်အနည်းငယ်အတွက်မူ သူတို့၏ တိုးတက်မှုက အလွန်ထင်ရှားလှပေ၏။

ဒသမမြောက်နေ့သို့ ရောက်လာချိန်တွင် ချူးရှစ်တို့သုံးယောက်က ပုံရိပ်ယောင်သိုင်းပညာရှင် ၁၉ယောက်ကို ရင်ဆိုင်နိူင်ခဲ့ပြီဖြစ်ပြီး လုံးဝပင် မရှုံးနိမ့်ခဲ့ပေ။

ဤသို့သော တိုးတက်မှုနှုန်းက ယီယွမ်ကို အလွန်အံ့ဩသွားစေခဲ့သည်။

ဒသမမြောက်နေ့တွင် ယီယွမ်က မဟာအစီအရင်ကို ဖယ်ရှားပေးလိုက်၏။ ထိုသိုင်းပညာရှင်အားလုံးက ခက်ခဲသောတာဝန်ကြီးတစ်ရပ်မှ လွတ်မြောက်လာခဲ့သလို ခံစားလိုက်ရပြီး နေ့အလင်းရောင်ကို နောက်ထပ်တစ်ကြိမ် မြင်တွေ့လိုက်ရသော ခံစားမှုကို ရရှိနေခဲ့သည်။

ဤဆယ်ရက်အချိန်က ဆယ်နှစ်အချိန်ထက် ပို၍ခက်ခဲကြမ်းတမ်းလှ၏။

သူတို့အားလုံးနီးပါးက ခြေသလုံးအိမ်တိုင် ကျင့်ကြံသူများ ဖြစ်ကြသည်။ သူတို့က ဤသို့သော လေ့ကျင့်ခန်းမျိုးကို လုံးဝပင် ကြုံတွေ့ဖူးခြင်းမရှိပေ။

ဆယ်ရက်အချိန်အတွင်း သိုင်းပညာရှင်တစ်သောင်းနီးပါးမျှ ဆုံးရှုံးခဲ့ရ၏။

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(part-4)Where stories live. Discover now