ပြိုင်ဘက်ကင်းဆေးနတ်ဘုရား
ဘာသာပြန်သူ-ဖြိုးသူဝင်း
Book(46)
Chapter-7
(မင်းကတော့ မတူဘူး)
လက်သီးတစ်ချက်တည်းဖြင့် အလယ်အလတ်အဆင့် စိတ်ဝိညာဥ်ပင်လယ်နယ်ပယ် သိုင်းပညာရှင်ဆယ်ယောက်က ကောင်းကင်ဘုံမှ မိန်းမပျိုများ ဆင်းသက်လာသလို လွင့်ပျံသွားခဲ့ကြသည်။
ယီယွမ်၏ အစစ်အမှန်နဂါး ခွန်အားကို အသုံးချမှုက ပို၍ပင် ကျွမ်းကျင်လာခဲ့ပြီဖြစ်၏။ ဤသိုင်းကွက်၏ အစွမ်းက ယခင်ကနှင့် မတူတော့ဘဲ ပို၍အစွမ်းထက်လာခဲ့ကြသည်။
ယီယွမ်၏ လက်ရှိတိုက်ခိုက်မှုစွမ်းအားဖြင့် အလယ်အလတ်အဆင့် စိတ်ဝိညာဥ်ပင်လယ်နယ်ပယ်များက ပုံမှန်အားဖြင့် သူနှင့်တိုက်ကွက်တစ်ကွက်ပင် တိုက်ခိုက်နိုင်မည်မဟုတ်ပေ။
"ဒါ… ဒါက ဟာသတစ်ခုမဟုတ်လား… ဒီပင်လယ်အသွင်ပြောင်းလဲခြင်းနယ်ပယ် သိုင်းပညာရှင်ရဲ့ခွန်အားက တကယ်ပဲ အဲဒီလောက်အထိ အစွမ်းထက်နေပြီလား….."
"အဲဒီလူတွေအားလုံးက အရှင့်ရဲ့ လက်အောက်ငယ်သားတွေလေ… သူတို့က တကယ်ပဲ လက်သီးတစ်ချက်ကိုတောင် မခုခံနိုင်ခဲ့ဘူးပေါ့….."
"ဒီကောင်လေးက ဘယ်ကနေရောက်လာတာလဲ… တော်တော်လေး ကြောက်စရာကောင်းတယ်….."ဤမြင်ကွင်းက ပြင်းထန်သောမုန်တိုင်း ကမ္ဘာကြီး၏ သိုင်းပညာရှင်များကို အလွန်ထိတ်လန့်သွားစေခဲ့၏။ သူတို့က အချိန်တစ်ခုကြာသည်အထိ ပါးစပ်အဟောင်းသားဖြစ်သွားခဲ့သည်။
ပင်လယ်အသွင်ပြောင်းလဲခြင်းနယ်ပယ် သိုင်းပညာရှင်တစ်ယောက်က အလယ်အလတ်အဆင့် စိတ်ဝိညာဥ်ပင်လယ်နယ်ပယ် သိုင်းပညာရှင်ဆယ်ယောက်ကို လက်သီးတစ်ချက်ဖြင့် လွင့်စင်သွားစေခဲ့၏။ ဤအရာက ပုံမှန်ဖြစ်နေကျ အရာများထက် အများကြီး လွန်ကဲနေခဲ့ပေသည်။
လက်သီးတစ်ချက် ထုတ်ဖော်ပြီးနောက် ယီယွမ်က မရပ်တန့်ခဲ့ပေ။ သူက ရှေ့သို့ အေးအေးလူလူ ဆက်လျှောက်လာခဲ့ရာ တဖြည်းဖြည်းနှင့် တင်းရှန်းအနီးသို့ ရောက်လာခဲ့၏။
YOU ARE READING
ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(part-4)
Fantasy(ပြိုင်ဘက်ကင်းဆေးနတ်ဘုရား) ချင်ယန်ကျိဟာ သစ္စာဖောက်တစ်ယောက် လက်ချက်ကြောင့် သေဆုံးခဲ့ရတယ်။အရာအားလုံးပြီးဆုံးသွားပြီလို့ ထင်ရပေမဲ့ တကယ်တမ်းမှာတော့ မပြီးဆုံးခဲ့ပါဘူး။ သူဟာ ယီယွမ် လို့ခေါ်တဲ့ သူဋ္ဌေးသား တစ်ယောက်ရဲ့ ခန္ဓာကိုယ်မှာ ပြန်လည်နိုးထအသက်ဝင်လာခဲ့ရ...