Chapter 626

1K 128 0
                                    

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား

ဘာသာပြန်သူ-ဖြိုးသူဝင်း

Book(48)

Chapter-1

(အရောင်နှစ်သွယ် မိုးကောင်းကင်စစ်ဆေးခြင်း)

ဖောင်း… ဖောင်း… ဖောင်း…..

အနည်းငယ်အားနည်းသည့် ပြင်းထန်သောမုန်တိုင်းကမ္ဘာကြီး၏ သိုင်းပညာရှင်များက စစ်ဆေးခြင်းနှစ်ခု ပြိုင်တူဖြစ်ပေါ်လာသော ခွန်အားကို တောင့်ခံနိုင်စွမ်းမရှိခဲ့ဘဲ သူတို့၏ ခန္ဓာကိုယ်များက ပေါက်ကွဲသွားခဲ့ရာ သွေးမြူများ ဖြစ်ပေါ်လာခဲ့သည်။

ပင်လယ်အသွင်ပြောင်းလဲခြင်းနယ်ပယ်
သိုင်းပညာရှင်အချို့ပင် ဒဏ်ရာများစွာ ရရှိသွားခဲ့၏။

ဤစစ်ဆေးခြင်းနှစ်ခု ပြိုင်တူဖြစ်ပေါ်လာသောကြောင့် ဖြစ်လာသည့်ဖိအားက အလွန်ကြောက်စရာကောင်းလှပေသည်။

ယီယွမ်က ဤမြင်ကွင်းကိုမြင်သော် သူ၏မျက်နှာအမူအရာက လေးနက်လာခဲ့၏။

စစ်ဆေးခြင်းနှစ်ခု အတူဖြစ်ပေါ်လာခြင်းမှာ ယီယွမ်မျှော်လင့်ထားသည်ထက် အများကြီး လွန်ကဲသွားခဲ့ပြီဖြစ်သည်။

စောစောလေးတွင် စစ်ဆေးခြင်းတိမ်တိုက်များကို လက်ဝါးတစ်ချက်တည်းဖြင့် လွင့်စေသွားစေခဲ့ရာ ယီယွမ်က ရုတ်တရက်ပင် သူ၏ နတ်ဘုရားစိတ်ဝိညာဥ်ကို အဆင့်ထိန်းချုပ်ထားနိုင်စွမ်း မရှိတော့ကြောင်း ခံစားလိုက်ရ၏။ ထိုအရာက အမှန်တကယ်ပင် မှော်ဆေးပညာရှင်ဘုရင်
အဆင့်သို့ တက်ရောက်တော့မည်ဖြစ်သည်။

ဂျိမ်း… ဂျိမ်း… ဂျိမ်း…..

မိုးကောင်းကင်တွင် လျှပ်စီးလက်ပြီး မိုးထစ်ချုန်းနေခဲ့ရာ မြားမတပ်သေးဘဲ လေးကြိုးကို ဆွဲနေသည်နှင့် တူညီခဲ့ပေ၏။

ထိုသို့သောအခြေအနေက လူအများကို ပို၍ပင် တုန်လှုပ်သွားစေခဲ့သည်။

"ယီယွမ်… မင်းက ဂျီးနီးယပ်တစ်ယောက်ဆိုတာ ငါလက်ခံပါတယ်… ဒါပေမဲ့ မင်းရဲ့ဂျီးနီးယပ်ဆန်မှုက မိုးကောင်းကင်ရဲ့ မနာလိုမှုကို ရရှိသွားခဲ့ပြီ… မိုးကြိုးလျှပ်စီးစစ်ဆေးခြင်းနဲ့ စိတ်ဝိညာဥ်စစ်ဆေးခြင်း… မိုးကောင်းကင်စစ်ဆေးခြင်းနှစ်ခု… မင်းက ဘယ်လိုမျိုး ဖြတ်ကျော်မလဲဆိုတာ ငါသိချင်မိတယ်….." ရှန့်ကွမ်ယွင်ရုံက ဘေးမှနေ၍ အလွန်စိတ်လှုပ်ရှားနေခဲ့၏။

ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(part-4)Onde histórias criam vida. Descubra agora