ပြိုင်ဘက်ကင်းဆေးနတ်ဘုရား
ဘာသာပြန်သူ-ဖြိုးသူဝင်း
Book(47)
Chapter-3
(ချူးရှစ်တို့သုံးဦး)
ယီယွမ်က သူတို့ကို နောက်ပြောင်နေခြင်းမဟုတ်ပေ။
တတိယမြောက်နေ့တွင် ဒဏ်ရာရသူ အရေအတွက်က လူပေါင်းသုံးထောင်နီးပါး ရှိလာခဲ့ပေသည်။
ဤအရေအတွက်က အလွန်မြင့်မားလှ၏။
ဤအချက်ကို လူဟုန်က မဟာအစီအရင်အတွင်းရှိ လူအားလုံးသိအောင် ပြောပြလိုက်သည်။
မဟာအစီအရင်က ဤအချိန်၌ ရပ်တန့်သွားခဲ့ပြီဖြစ်၏။ ချူးရှစ်တို့သုံးယောက်၏ မျက်နှာအမူအရာက အလွန်လေးနက်နေခဲ့ကြ၏။
"ဒီကောင်လေးပြောတဲ့ပုံအရ စတုတ္ထနေ့ရဲ့ ခက်ခဲမှုက ဒီနေ့ထက် ပိုကြီးမားလာလိမ့်မယ်… မနက်ဖြန်မှာ ထိခိုက်ဒဏ်ရာရတဲ့သူတွေက ပိုပြီးများပြားလာမယ်ဆိုတာ သံသယဝင်စရာမလိုဘူး….." ချူးရှစ်က ဒေါသထွက်စွာဖြင့် ပြောဆိုခဲ့သည်။ကျူးချန်ကျစ်က သဘောတူဟန်ဖြင့် ပြောလိုက်၏။ "အဲဒါက အမှန်တရားပဲ… ဒီကောင်လေးက တကယ်ကို အကြံပက်စက်တယ်… ငါတို့က ပြင်းထန်သောမုန်တိုင်းကမ္ဘာကြီးရဲ့ သိုင်းပညာရှင်တွေလက်ထဲမှာ မသေရဘဲ သူ့လက်ထဲမှာ တကယ်သေသွားရလိမ့်မယ်… တကယ်လို့ ဒီမဟာအစီအရင်ကနေ ငါထွက်သွားနိုင်ရင် ငါကသူ့ကိုနေရာမှာတင် ရိုက်သတ်ပစ်မယ်….."
ချူးရှစ်က အေးစက်သောအပြုံးတစ်ခုဖြင့် ပြောဆိုခဲ့သည်။ "အိပ်မက်ဆက်မက်နေလိုက်… အဲဒီကောင်လေးက ပင်လယ်အသွင်ပြောင်းလဲခြင်းနယ်ပယ် ကျင့်ကြံခြင်းနဲ့ ဒီလိုမျိုးအစွမ်းထက်တဲ့ မဟာဝင်္ကပါတစ်ခုကို တည်ဆောက်နိုင်တယ်… မင်းက သူ့ပြိုင်ဖက်ဖြစ်ပါ့မလား… အဲဒီဗိုလ်ချုပ် ဘယ်လိုသေသွားတယ်ဆိုတာ မင်းမေ့သွားခဲ့တာလား….."
ကျူးချန်ကျစ်က ထိုစကားကိုကြားသော် ကူရာကယ်ရာမဲ့စွာဖြင့် တုန်လှုပ်သွားခဲ့ကြ၏။
အကယ်၍ သူတို့က မဟာအစီအရင်၏ အစွမ်းကို ထည့်မတွက်လျှင်ပင် သူတို့က ယီယွမ်၏ ပြိုင်ဖက်ဖြစ်လာနိုင်မည်မဟုတ်ပေ။
KAMU SEDANG MEMBACA
ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(part-4)
Fantasi(ပြိုင်ဘက်ကင်းဆေးနတ်ဘုရား) ချင်ယန်ကျိဟာ သစ္စာဖောက်တစ်ယောက် လက်ချက်ကြောင့် သေဆုံးခဲ့ရတယ်။အရာအားလုံးပြီးဆုံးသွားပြီလို့ ထင်ရပေမဲ့ တကယ်တမ်းမှာတော့ မပြီးဆုံးခဲ့ပါဘူး။ သူဟာ ယီယွမ် လို့ခေါ်တဲ့ သူဋ္ဌေးသား တစ်ယောက်ရဲ့ ခန္ဓာကိုယ်မှာ ပြန်လည်နိုးထအသက်ဝင်လာခဲ့ရ...