ပြိုင်ဘက်ကင်းဆေးနတ်ဘုရား
ဘာသာပြန်သူ-ဖြိုးသူဝင်း
Book(48)
Chapter-14
(လက္ခဏာလေးခုပုံရိပ်များ)
ယီယွမ်ဖော်စပ်လိုသော ဆေးလုံး၏အမည်က စကန်ဒါရှေးဟောင်းဝိညာဥ် ဒီမွန်းဆေးလုံးဖြစ်ပြီး အဆင့်(5) အဆင့်နိမ့်အဆင့် ဒီမွန်းဆေးလုံးတစ်မျိုး ဖြစ်သည်။
ယီယွမ်ဖော်စပ်လိုသော ဆေးလုံးအမျိုးအစားက တန်ဖိုးကြီးမားမည်မှာ သံသယဝင်စရာမလိုပေ။
အဆင့်(5) ဆေးလုံးများကို ဖော်စပ်ရန် ခက်ခဲမှုက ယခင်သူဖော်စပ်ခဲ့သော ဆေးလုံးများနှင့် အဆင့်များစွာ ကွာခြားပေ၏။ ထို့ပြင် ယီယွမ်၏ဆေးညွှန်းများအရ ထိုဆေးလုံးကိုဖော်စပ်ရန် မည်သည့်အတွက် လွယ်ကူမည်နည်း။
အမှန်တကယ်တွင် ယီယွမ်က ယွီရှင်းနှင့် ပတ်သက်မှု လုံးဝမရှိပေ။ သို့သော် ယီယွမ်က နောက်ဆုံးတွင် သူမအတွက် စကန်ဒါရှေးဟောင်းဝိညာဥ် ဒီမွန်းဆေးလုံးကို ဖော်စပ်ပေးရန် ဆုံးဖြတ်ခဲ့သည်။
ယွီဟန်ပြောသလိုပင် ကျောက်စိမ်းမျက်နှာ နတ်သမီးမြေခွေးကလန်က စိတ်နေစိတ်ထား ကောင်းမွန်ပေ၏။ အခြားဒီမွန်းမျိုးနွယ်များဆိုလျှင် သူက ဤသို့သောအခက်အခဲကို ကျော်ဖြတ်ရန် လွယ်ကူမည်မဟုတ်ပေ။
ထို့ပြင် ယီယွမ်က နတ်ဘုရားပိတ်ပင်ခြင်းဒီမွန်းနယ်မြေတွင် အသက်ရှင်သန်လိုလျှင် အင်အားစုတစ်ခုနှင့် ရင်းနှီးနေရန် လိုအပ်သည်။ ထိုသို့မဟုတ်ခဲ့လျှင် သူ၏ လူသားမျိုးနွယ် ပုံစံကြောင့် လူတိုင်းလိုက်လံသတ်ဖြတ်နေသော ကြွက်တစ်ကောင်ကဲ့သို့ လမ်းကြိုလမ်းကြား၌ ပြေးလွှားနေရပေလိမ့်မည်။
နတ်ဘုရားပိတ်ပင်ခြင်းဒီမွန်းနယ်မြေက မည်သည့်နေရာမျိုးဖြစ်သည်ကို သေချာမသိရသေးပေ။ ဤနေရာတွင် အဆင့်(6) ပုဂ္ဂိုလ်ကြီးများ အမှန်တကယ် ရှိနေကြ၏။
ထို့ပြင် လက်ရှိအခြေအနေများကို ကြည့်လိုက်လျှင် အဆင့်(6) ပုဂ္ဂိုလ်ကြီးများက တစ်ယောက် နှစ်ယောက် မကဘဲ များပြားနေပေလိမ့်မည်။
आप पढ़ रहे हैं
ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(part-4)
काल्पनिक(ပြိုင်ဘက်ကင်းဆေးနတ်ဘုရား) ချင်ယန်ကျိဟာ သစ္စာဖောက်တစ်ယောက် လက်ချက်ကြောင့် သေဆုံးခဲ့ရတယ်။အရာအားလုံးပြီးဆုံးသွားပြီလို့ ထင်ရပေမဲ့ တကယ်တမ်းမှာတော့ မပြီးဆုံးခဲ့ပါဘူး။ သူဟာ ယီယွမ် လို့ခေါ်တဲ့ သူဋ္ဌေးသား တစ်ယောက်ရဲ့ ခန္ဓာကိုယ်မှာ ပြန်လည်နိုးထအသက်ဝင်လာခဲ့ရ...