ပြိုင်ဘက်ကင်းဆေးနတ်ဘုရား
ဘာသာပြန်သူ-ဖြိုးသူဝင်း
Book(47)
Chapter-14
(စစ်ဆေးခြင်းတိမ်တိုက်များကို လွင့်စင်သွားစေခြင်း)
ရှန့်ကွမ်လင်ယွင်၏ နှလုံးသားက တုန်ယင်သွားခဲ့သည်။
မူလတွင် အဆင့်(3) ဒီဗိုင်းဖြတ်ကျော်ခြင်းနယ်ပယ် ရှန့်ကွမ်ယွင်ရုံကို ခေါ်လိုက်သည်နှင့် ယီယွမ်က သေချာပေါက် သေဆုံးရမည်ဟု ရှန့်ကွမ်လင်ယွင်က ထင်မြင်နေခဲ့၏။
အချိန်တိုအတွင်း အစွမ်းထက်သော ဒီဗိုင်းဖြတ်ကျော်ခြင်းနယ်ပယ် ပုဂ္ဂိုလ်နှစ်ယောက်တွင် တစ်ယောက်က သေဆုံးသွားပြီး ကျန်တစ်ယောက်က ဒဏ်ရာရရှိနေသည့်အချိန်တွင် ယီယွမ်က မိုးကောင်းကင်စစ်ဆေးခြင်းကို ပြီးပြည့်စုံစွာ ကောင်းမွန်နေသော အခြေအနေဖြင့် ဖြတ်ကျော်နေမည်ဟု မည်သူက ကြိုသိထားခဲ့မည်နည်း။
မိုးကောင်းကင်စစ်ဆေးခြင်းကို အောင်မြင်စွာ ကျော်ဖြတ်သွားသည်နှင့် ယီယွမ်၏ခွန်အားက နောက်တစ်ဆင့်သို့ တက်ရောက်သွားတော့မည်ဖြစ်သည်။ ဤနေရာတွင် မည်သူကမှ ယီယွမ်အား ထိန်းချုပ်နိုင်တော့မည်မဟုတ်ပေ။
ရှန့်ကွမ်လင်ယွင်နှင့် ရှန့်ကွမ်ယွင်ရုံတို့ နှစ်ဦးစလုံးက ယီယွမ်၏ ခြိမ်းခြောက်နိုင်စွမ်းက အလွန်ကြီးမားသည်ဟူ၍ ခံစားနေခဲ့ရ၏။ သူတို့က ယီယွမ်အား ယခုအချိန်၌ သေအောင်သတ်နိုင်ခြင်းမရှိခဲ့လျှင် အနာဂတ်တွင် သူက အကြီးအကျယ် ဒုက္ခပေးပေလိမ့်မည်။
"တင်းရှန်း… ဒီနေရာကို ပုဂ္ဂိုလ်ကြီးတွေ ချက်ချင်း စေလွှတ်ပေးဖို့ မိသားစုခေါင်းဆောင်ဆီ မြန်မြန်သတင်းပို့လိုက်….." ရှန့်ကွမ်လင်ယွင်က အမိန့်ပေးလိုက်သည်။"ဟုတ်ကဲ့… ဒီအစေခံက ချက်ချင်း ဆောင်ရွက်လိုက်ပါ့မယ်….." တင်းရှန်းက ချက်ချင်းပင် အမိန့်နာခံလိုက်ပြီး ထွက်ခွာသွားခဲ့၏။
ရှန့်ကွမ်ယွင်ရုံနှင့် ရှန့်ကွမ်လင်ယွင်တို့က မိုးကောင်းကင်စစ်ဆေးခြင်း ခံယူနေသော ယီယွမ်ကို ကြည့်နေခဲ့ကြပြီး သူတို့၏ မျက်နှာများ၌ လေးနက်မှုများစွာ ရှိနေခဲ့သည်။
ESTÁS LEYENDO
ပြိုင်ဘက်ကင်းဆေးနတ်ဘုရား(part-4)
Fantasía(ပြိုင်ဘက်ကင်းဆေးနတ်ဘုရား) ချင်ယန်ကျိဟာ သစ္စာဖောက်တစ်ယောက် လက်ချက်ကြောင့် သေဆုံးခဲ့ရတယ်။အရာအားလုံးပြီးဆုံးသွားပြီလို့ ထင်ရပေမဲ့ တကယ်တမ်းမှာတော့ မပြီးဆုံးခဲ့ပါဘူး။ သူဟာ ယီယွမ် လို့ခေါ်တဲ့ သူဋ္ဌေးသား တစ်ယောက်ရဲ့ ခန္ဓာကိုယ်မှာ ပြန်လည်နိုးထအသက်ဝင်လာခဲ့ရ...